သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၅)ရက်နေ့တွင် ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အမှု‌ဆောင်များ တက်ရောက်၍ အသင်းလှုပ်ရှားမှုဓါတ်ပုံမှတ်တမ်းများအား ပါဝင်ပြသရှင်းလင်း တင်ပြခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှုး နှင့် အသင်းဝင်များသည် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ Y MANDALAY Hotal တွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အသင်း၏လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ ပါဝင်ပြသခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် နေပြည်တော် MWCDFအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပရာ တက်ရောက်ခဲ့ကြပါသည်။ အထိမ်းအမှတ်အခမ်းအနားတွင် အသင်းမှ မြန်မာ့သနပ်ခါးစစ်စစ်‌ ရေဖျော်လိမ်းမှုန့်ပေါင်ဒါ၊ အာလူးကြော်နှင့် ကြေးပစ္စည်းများ ခင်းကျင်းပြသခဲ့ပါသည်။ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကဏ္ဍအလိုက်ထူးချွန် အမျိုးသမီးများအား ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် အမျိုးသားစာပေးဆုရရှိသူ (ပဲခူးတိုင်း)

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်တို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ နေ့လယ် (၁၃:၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၌ ကျင်းပရာ အခမ်းအနားတွင် ကဏ္ဍအလိုက်ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် အမျိုးသားစာပေဆုရရှိသူ (ပဲခူးတိုင်း) MWCDF အသင်း ဥက္ကဋ္ဌ

သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား

သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား

(၂.၇.၂၀၂၅)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များသည်  နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ကစ္စပနဒီလမ်းနှင့် တော်ဝင်ရတနာလမ်းကြား၊ သစ်ခွလမ်းတွင်ကျင်းပပြလုပ်သော ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို တက်ရောက်၍ သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြပါသည်။

ရုံးဖွင့်ပွဲအခမ်းအနား

ရုံးဖွင့်ပွဲအခမ်းအနား

၁.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်က​လေးသူငယ်များ ဘဝမြှင့်တင်​ရေးအသင်း (ဧရာဝတီတိုင်း)ရုံးဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁)ရက်၊ နံနက်(၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း​ဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်​ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်​ပေးခဲ့ပါသည်။