တိုင်းရင်းသားပေါင်းစုံမိဘမဲ့ကျောင်းသူ ကလေးများအိပ်ဆောင်အဆောက်အဦးများအားလှူဒါန်းခြင်း

women's dormitories 1

 

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များသည် ၂၀၁၅ခုနှစ်၊ မေလ(၆)ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် အေးမေတ္တာစံ(ဘ.က)ကျောင်းသို့ရောက်ရှိပြီး ကျောင်းဝင်း အတွင်းရှိ မိဘမဲ့ကျောင်းသား၊ ကျောင်းသူကလေးများနေထိုင်သည့်အိပ်ဆောင်၊ စာသင်ခန်းများအား ကြည့်ရှုစစ်ဆေး ၍ လိုအပ်သောအကူအညီများပေးရန် မေးမြန်း၍ ဝတ္ထုငွေ(၅၀၀၀၀ိ/-)နှင့်လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါ သည်။

၂၀၁၅ခုနှစ်၊ မေလ၊ (၁၅)ရက်နေ့တွင် အသင်းမှCECများနှင့်ရုံးအဖွဲ့တို့သည် ကျောင်းသူကလေးများအိပ်ဆောင် ဆောက်လုပ်လှူဒါန်းမည့်ကိစ္စအား အေးမေတ္တာစံ(ဘ.က)ကျောင်းသို့သွားရောက်၍ အိပ်ဆောင်ဆောက်လုပ်မည့် မြေနေရာအားအသေးစိတ်ကြည့်ရှုခဲ့ပါသည်။

၂၀၁၅ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့တွင် အသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် အေးမေတ္တာစံ(ဘ.က)ကျောင်း တွင် မိဘမဲ့ကျောင်းသူကလေးများနေထိုင်နေသည့် အဆောက်အဦးသည် လူဦးရေများပြား၍ ကျဉ်းမြောင်းအခက် အခဲဖြစ်နေသည်ကို တွေ့ရှိရသဖြင့် လူ(၁၀၀)ဆန့် အိပ်ဆောင်(၁)ဆောင်ဆောက်လုပ်လှူဒါန်းမည်ဟု ဒုဥက္ကဋ္ဌမှပြော ကြားခဲ့ပြီး မြေနေရာအကျယ်အဝန်းအဆောက်အဦး ဆောက်လုပ်မည့်ပုံစံတို့အား အသေးစိတ်ရေးဆွဲရန် ပြောကြားခဲ့ ပါသည်။

၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင် ရေးအသင်း(MWCDF)မှ ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (MMCWA)မှ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်(MWAF)မှနာယကများ၊ ဥက္ကဌနှင့်CECများသည် အေးမေတ္တာစံ(ဘ.က)ကျောင်းတွင် နံနက်(၀၉းဝ၀)နာရီအချိန်၌ အဆောက်အဦးပန္နက်ချမင်္ဂလာအခမ်းအနားပြုလုပ် ၍ ကျောင်းထိုင်ဆရာတော်ထံအလှူငွေ(၂၀၀,၀၀၀ိ/-)ကျပ်နှင့်သင်္ကန်းခြင်းများ၊ လှူဘွယ်ပစ္စည်းများစုစုပေါင်း(၅၇၀၀၀ိ/-) ကျပ်လှူဒါန်းခဲ့ပြီး အဆောက်အဦး(၄၅’ x ၄၅’) Steel Structure အဆောက်အဦးအား စတင်ဆောက်လုပ်ခဲ့ပါသည်။

၂၀၁၆ခုနှစ်၊ မေလ၊ (၁၀)ရက်နေ့တွင် အဆောက်အဦးအားလုံးပြီးစီးခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အလှူငွေ(၁၃,၀၇၀,၀၀၀ိ/-)ကျပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(MMCWA)မှ(၁၀,၀၀၀,၀၀၀ိ/-)ကျပ်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်(MWAF)မှ (၁၀,၀၀၀,၀၀၀ိ/-)ကျပ်၊ အလှူရှင်ဒေါ်ဝင်းစန္ဒာမှအလှူငွေ(၂,၀၀၀,၀၀၀ိ/-)ကျပ်၊ အသင်းဒု-ဥက္ကဌမှအလှူငွေ(၃၉၀,၀၀၀ိ/) ကျပ် စုစုပေါင်းကုန်ကျငွေမှာ(၃၅,၄၆၀,၀၀၀/-)ကျပ် ကုန်ကျခဲ့ပါသည်။ ယနေ့(၁၇.၅.၂၀၁၆)နေ့တွင် အဆောက်အဦး အား မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(MMCWA)၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်(MWAF)တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ပြီး ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တစန္ဒိမာ(ထေရဝါရသာသနာပြု)ထံသို့ ရေစက်ချလွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပါသည်။

women's dormitories 1

တိုင်းရင်းသားပေါင်းစုံမိဘမဲ့ကျောင်းသူ ကလေးများအိပ်ဆောင်အဆောက်အဦးများအားလှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: