၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို နေပြည်တော်၊ MICC-2 တွင် (၈.၃.၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ MWCDF အသင်းမှ ဥက္ကဋ္ဌနှင့် CEC များ၊ တိုင်း/ပြည်နယ်များမှ ဖိတ်ကြားထားသော အဖွဲ့ဝင်များ စုစုပေါင်း-(၂၅)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနား ပထမပိုင်းအား (၁၁းဝ၀)နာရီတွင် ပြီးဆုံး၍ အမှတ်တရဓါတ်ပုံရိုက်ကူးကြပြီး အသင်းများမှ ပြသထားသော ပြခန်းများအား ဒုသမ္မတမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြ ပါသည်။ မိမိတို့အသင်းမှ ပြခန်းတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသင်းဥက္ကဋ္ဌ၊ အတွင်းရေး မှူးတို့က ရှင်းလင်းပြောကြားခဲ့ပါသည်။
မွန်းလွဲ(၁၅းဝ၀)နာရီတွင် UN Women အဖွဲ့နှင့် MWCDF အသင်းမှ ဒေါက်တာနန္ဒာမွှန်း၊ MWAF, MMCWA ဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး အပြန်အလှန်ဆွေးနွေးကာ တွေ့ဆုံပွဲအား (၁၆း၃၀)နာရီတွင် ပြီးဆုံးခဲ့ပါသည်။

၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: