လားရှိုးမြို့ရှိ စစ်ဘေးရှောင်များအား အစားအသောက်များ နှင့် အလှူငွေများ ကူညီထောက်ပံ့ပေးခြင်း

(၁၉-၈-၂၀၁၉) ရက်နေ့ တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ရှမ်းပြည် နယ်မြောက်ပိုင်း)မှအသင်းဥက္ကဌ ၊ ဒုဥက္ကဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ကိုးကန့်ချယ်ရီအမျိုးသမီး MWCDF အဖွဲ့၊လားရှိုးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်လားရှိုးမြို့ဒေသခံဘာသာပေါင်းစုံအဖွဲ့ကော်မတီဝင် များနှင့်အတူလားရှိုးမြို့၊သီရိမင်္ဂလာမန်ဆူရှမ်းဘုန်းကြီးကျောင်းတွင်ရှမ်းမြောက်နှင့်လားရှိုးဒေသအတွင်းမှ ရောက်ရှိလာ သောစစ်ဘေးရှောင်အမျိုးသမီးများမွေးကင်းစကလေးအပါအဝင်ကလေးငယ်များ၊မိသားစုများစုစုပေါင်း(၈၂၇)ဦးခန့် အားသွားရောက်အားပေးထောက်ပံ့ခဲ့ပါသည်။
MWCDF-NSS အသင်းမှ အလှူငွေ(ကျပ် ငါးသိန်း) ၊ ကိုးကန့်ချယ်ရီ အမျိုးသမီး /MWCDF အဖွဲ့ဝင်များမှစုပေါင်း အလှူငွေ(ကျပ်ငါးသိန်း ) ၊ လားရှိုးခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့ မှ အလှူဒါန်းငွေ (ကျပ်နှစ် သိန်း ) နှင့် လားရှိုးမြို့ ဘာသာပေါင်းစုံအဖွဲ့ဝင်များမှမိသားစု တဦးချင်းထည့်ဝင်ငွေပေါင်း (ကျပ်ငါးသိန်း ) လှူဒါန်းရာစု စုပေါင်းယခုအလှူငွေ (ကျပ် တစ်ဆယ့်ခုနှစ်သိန်း ) တိတိလှူဒါန်းထောက်ပံ့ခဲ့ပြီး စစ်ဘေးရှောင်များအား ထမင်းဟင်း ထုပ်များ ၊ ခေါက်ဆွဲထုပ်များ ၊ အချိုရည် နှင့် ရေသန့်များ ဝိုင်းဝန်း ကူညီထောက်ပံ့ပေးခဲ့ပါသည်၊၊

လားရှိုးမြို့ရှိ စစ်ဘေးရှောင်များအား အစားအသောက်များ နှင့် အလှူငွေများ ကူညီထောက်ပံ့ပေးခြင်း
လားရှိုးမြို့ရှိ စစ်ဘေးရှောင်များအား အစားအသောက်များ နှင့် အလှူငွေများ ကူညီထောက်ပံ့ပေးခြင်း
လားရှိုးမြို့ရှိ စစ်ဘေးရှောင်များအား အစားအသောက်များ နှင့် အလှူငွေများ ကူညီထောက်ပံ့ပေးခြင်း
လားရှိုးမြို့ရှိ စစ်ဘေးရှောင်များအား အစားအသောက်များ နှင့် အလှူငွေများ ကူညီထောက်ပံ့ပေးခြင်း
%d bloggers like this: