သုံးမွှာပူးမွေးဖွားသော မိခင်နှင့် ကလေးငယ်များအားလိုအပ်သည်များထောက်ပံ့လှူဒါန်းခြင်း

(၂၀.၈.၂၀၁၉)နေ့တွင် ရန်ကုန်တိုင်း၊ MWCDFအသင်းမှဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်များသည် ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မေယုလမ်း ရေနံဆိပ်ကမ်းရိပ်သာတွင်နေထိုင်သော သုံးမွှာပူးမွေးဖွားသော မိခင်ဒေါ်အေမီကြည်ဝင်းနှင့် ကလေးငယ်များအား သွားရောက်ကြည့်ရှု့ကာ အသင်းမှ ကူညီစောင့်ရှောက်ပေးရန် လိုအပ် သည့်အတွက် လိုအပ်နေသော(မွေ့ယာ၊ ခေါင်းအုံး၊ ခွလုံး၊ စောင်၊ထီးခြင်ထောင်၊အနှီးပိတ်(၁၀) ထည်၊ သေးခံ၊ အကျီင်္(၁၂) ထည်၊ Dumexနို့မှုန့်ကြီး(၅)ဗူး၊ ကြက်ဥ(၂)ကဒ်၊ OBIMIN အားဆေးအလုံး (100)ပါ တစ်ဗူး နှင့် ထောက်ပံ့ငွေ(၃၀၀၀၀/-)တို့ကို မိခင်နှင့်ကလေးများအတွက် စုစုပေါင်းတန်ဖိုးသင့်ငွေ(၃)သိန်းကျပ်ဖိုး ထောက်ပံ့ကူညီ လှူဒါန်းခဲ့ကြပါသည်။

သုံးမွှာပူးကလေးများမှာမိန်းကလေးများဖြစ်ကြပါသည်။၎င်းတို့ကို (၈.၆.၂၀၁၉)နေ့တွင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး တွင် တက်ရောက်မွေးဖွားခဲ့ပါကြောင်းနှင့် ကလေးများမှာ ပေါင်မပြည့်သည့်အတွက် ဆေးရုံကြီး တွင်(၂)လကျော်ထိ တက်ရောက်ခဲ့ရပြီး မိခင်နှင့် ကလေးများပါ ကျန်းမာရေးကောင်းမွန်သည့်အတွက် ဆေးရုံမှဆင်းခွင့်ရရှိပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိတာ(၈)ရက်ရှိပြီဖြစ်ပါကြောင်းနှင့် ကလေးငယ်များ၏မိဘ မှ ယခုလိုလာရောက်ကူညီပေးသည့် ရန်ကုန်တိုင်း MWCDFအသင်းကို ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

သုံးမွှာပူးမွေးဖွားသော မိခင်နှင့် ကလေးငယ်များအားလိုအပ်သည်များထောက်ပံ့လှူဒါန်းခြင်း
သုံးမွှာပူးမွေးဖွားသော မိခင်နှင့် ကလေးငယ်များအားလိုအပ်သည်များထောက်ပံ့လှူဒါန်းခြင်း
သုံးမွှာပူးမွေးဖွားသော မိခင်နှင့် ကလေးငယ်များအားလိုအပ်သည်များထောက်ပံ့လှူဒါန်းခြင်း
သုံးမွှာပူးမွေးဖွားသော မိခင်နှင့် ကလေးငယ်များအားလိုအပ်သည်များထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: