YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၈.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် ပုဗ္ဗသီရိမြို့နယ်၊ လယ်သာရွာ အနောက်ဖက်တွင် ဖွင့်လှစ်ထားသော YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်ခဲ့ပါသည်။

ကျောင်းတွင်ရှိသော ကျောင်းထိုင်ဆရာတော်အား တွေ့ဆုံ၍ မိဘမဲ့ကျောင်းသား/သူ(၁၅၀)ဦးကို တစ်နေ့တာအာဟာရဒါနအဖြစ် အလှူရှင် CEC ဖြစ်သူ ဒေါ်အေးအေးခိုင်(မိသားစု)မှ မြေးဖြစ်သူ Audrey Htut  ၏ မွေးနေ့အတွက် လှူဒါန်းခဲ့ပါသည်။

ထို့နောက် ဆောက်လုပ်ဆဲ ဆွမ်းစားကျောင်း ဆောင်အတွက် အလှူ ရှင် ဦးသန့်စင်+ဒေါ်အေးအေးခိုင်(မိသားစု)မှ အလှူငွေ(၂၀)သိန်း၊ ဒုဥက္ကဋ္ဌ နှင့်CECများစုပေါင်း၍ အလှူငွေ(၁၁၀၀၀၀) ကျပ် မတည်လှူဒါန်းခဲ့ပြီး ဆရာတော်အားနေ့ဆွမ်းကပ်လှူကာ ကျောင်းသား/သူကလေးများအား နေ့လည်စာအာဟာရကျွေးမွေးခဲ့ကြပါသည်။

YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း
%d bloggers like this: