ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေးခြင်း

(၄. ၉. ၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်းမှ တာဝန်ရှိသူများသည် ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာတွင် လူမှုရေးကိစ္စကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့သော သမီးငယ်လေးနှင့်တွေ့ဆုံ၍ သမီးငယ်လေး၏ အနာဂါတ်သာယာစေရန်ရည်ရွယ်ကာ နှစ်သိမ့်ဆွေးနွေးအားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပါသည်။

ဆက်လက်၍ အမျိုးသမီးငယ်လေးများ၏ ဘဝလုံခြုံရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံကာ လူသူအများမြင်နိုင်သည့် လမ်း/နေရာများတွင် ပအို့ဘာသာစကား၊ မြန်မာဘာသာစကားများဖြင့် အသိပညာပေးပိုစတာများ ကပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

အမျိုးသမီးငယ်လေးများ၏ ဘဝလုံခြုံရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခြင်း
အသိပညာပေးပိုစတာများ ကပ်နိုင်ရေးအတွက် ညှိနှိုင်း‌ဆွေးနွေးခြင်း
ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေးခြင်း
%d bloggers like this: