ကျန်းမာရေးအသိပညာပေးဟောပြောပွဲတက်ရောက်ခြင်း

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ မြို့တော်ခန်းမ၌
(၂၉.၉.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံ အစာအိမ်အူလမ်း ကြောင်းနှင့်အသည်းရောဂါဖောင်ဒေးရှင်း ဥက္ကဌ ပါမောက္ခ ဗိုလ်မူးကြီး ဒေါက်တာကျော်စိုးထွန်းမှ ကြီးမှူးပြီး အရက် အရက်စွဲရောဂါနှင့်အသည်းရောဂါအကြောင်း သိကောင်း စရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ပဲခူးတိုင်း ဥက္ကဌ စာရေးဆရာမ ဒေါ်ဝတ်ရည်ခင်မှ ကြိုဆိုနူတ်ခွန်းဆက် စကားပြောကြား ပေးပြီး ပဲခူးတိုင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ အတွင်းရေးမှူး ဒေါက်တာနေမျိုးမှလည်း ကြိုဆိုနှုူတ်ခွန်း ဆက်စကားပြောကြားပေးခဲ့ပါသည်။

ဗိုလ်မှူးကြီး ဒေါက်တာကျော်စိုးထွန်း ကလည်း
ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အရက်စွဲရောဂါနှင့်အသည်းရောဂါအကြောင်း
သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ ပါသည်။

အစာအိမ်အူလမ်းကြောင်းနှင့်အသဲရောဂါဖောင်ဒေးရှင်း မြန်မာ – ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဌ ဗိုလ်မှူးကြီးမင်းအောင်ရှန်က အသည်းရောင် အသားဝါ Bပိုး Cပိုးအကြောင်းရှင်းပြပြီး သိလိုသည့် မေးခွန်းများကိုဖြေဆိုခဲ့ကြပါသည်။

ပညာရေးဌာန ကျန်းမာရေးဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ ပဲခူးမြို့သူ မြို့သား (၆၀၀)နီးပါးတက်ရောက်ခဲ့ကြပါသည်။ LIVOLIN လစ်ပိုလင်ဖို့ အသည်းအားဆေး ၊MEGAမှ ကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့ပါသည်။

ကျန်းမာရေးအသိပညာပေးဟောပြောပွဲတက်ရောက်ခြင်း
%d bloggers like this: