အာဟာရ ကျွေးမွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု့ပေးခြင်းနှင့် အသိပညာဖြန့်ဝေခြင်း

(၂၃.၁၀.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များသည် တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်၊ အ.မ.က(၅)ကျောင်း သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူ(၂၈) ဦးကို အလှူရှင်MWCDFအသင်းဝင် မသင်းသင်းနု(မိသားစု)မှ အဟာရခေါက်ဆွဲကြော်၊ ကြာဇံကြော်နှင့် အလုပ်အမှုဆောင် ဦးကြည်လေးက ပေါင်မုန့်များကျွေးမွေးခြင်း၊ အလုပ်အမှုဆောင် မနန်းလှသန်းက ဖိနပ်များ လှူဒါန်း ပေးခဲ့ကြပါသည်။

ဆက်လက်ပြီး ဒေါက်တာဇာနည်အေးဝင်းမှ သက်ငယ်မုဒိန်းကင်းစင်ရေး အားလုံးပူးပေါင်းပါ ဝင်ရေးခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဥက္ကဋ္ဌ ဒေါ်ကေသီအောင်မှ သံကောင်ရောဂါ၊ ဝမ်းပျက်ဝမ်း လျှောရောဂါ ၊ ရာသီပေါ်တုတ် ကွေးရောဂါ ကာကွယ်ခြင်း နှင့် လက်ဆေးခြင်းဖြင့် ရောဂါများ ကာကွယ်နိုင်ခြင်း များဟောပြောကာ လက်ဆေးခြင်း ကဗျာများဖြင့်လက် တွေ့သရုပ်ပြ သင်ကြားပေးခဲ့ကြပါသည်။ သက်ငယ်မုဒိန်း ကင်စင်ရေးအတွက် ဗီနိုင်းများ ၊ ပိုစတာများ လက်ကမ်းစာ ဆောင်များကို ကျောင်းအတွင်း နံရံများတွင်ကပ်ကာ လှူဒါန်းပေးခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း)MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များသည် နေမကောင်းဖြစ် နေသော ကလေး(၂)ဦးအား ခိုင်မေတ္တာဆေးရုံသို့ ပြသကာ ဆေးများ၊ ဓာတ်ဆား ဖျော်ရည်များ ထောက်ပံ့ပေး ပါသည်။ လက်သန်းတွင်ပြည်တည်နာဖြစ်ကာ ပိုးဝင်သွား သော အမျိုးသမီးငယ်အတွက် ခွဲစိတ်ဆရာဝန်ဖြင့်ပြသပေး ကာ အနာကို ပိုးသန့်စင်ခြင်း နှင့် ခွဲစိတ်ကုသမှုပြုလုပ်မှု တွင် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

မိမိတို့ရှမ်းပြည်နယ်(တောင်ပိုင်း)MWCDFအသင်းအနေဖြင့် ယခုလို ရပ်ကွက်အတွင်းတွင် လိုအပ်နေတဲ့ နေရာလေး တွေမှာ ကူညီပေးခဲ့ရတဲ့အတွက် အင်မတန်ဝမ်းသာ ပီတိဖြစ်ရပါသည်။ ပူးပေါင်းပါဝင်ပေးပါသော အလုပ်မှုဆောင်များ /ရပ်ကွက်တွင်း တက်ကြွစွာ လာရောက်ပေးကြပါသော အဖွဲ့ဝင်၊ အသင်းဝင် အသစ်များအား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

” လုံခြုံလှပဘဝများအမျိုးသမီးနှင့်ကလေးတိုင်းရစေသား”

အမှတ်တရ ဓာတ်ပုံရိက်ကူးခြင်း
လိုအပ်သည်များထောက်ပံ့ပေးခြင်း
အာဟာရ ကျွေးမွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု့ပေးခြင်းနှင့် အသိပညာဖြန့်ဝေခြင်း
%d bloggers like this: