ကျန်းမာရေးကူညီစောင့်ရှောက်မှု့သင်တန်း တက်ရောက်ရန်ကူညီဆောက်ရွက်ပေးခြင်း

(၃၀.၁၀.၂၀၁၉)ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဒေသရှိ ဖာလှိုင်းပရဟိတကျောင်းကို လွန်ခဲ့(၂)လခန့် ကျောင်းသားကျောင်းသူများအတွက် ဆန်ပြတ်လပ်မှုအဆင်မပြေမှုအား သွားရောက်လှုဒါန်းရင်း ပရဟိတ ကျောင်းအတွင်း ကလေးသူငယ်များအတွက် ကျန်းမာရေးစောက်ရှောက်မှုလိုအပ်နေသည့်အတွက် ဆရာတော် အား ကျောင်းသား/သူထဲမှ အကူသူနာပြု ဝါသနာပါသောကလေးရှိပါက ခိုင်မေတ္တာဆေးရုံ အကူသူနာပြု သင်တန်းကျောင်းတွင် တက်ရောက်ကာသင်တန်းပြီးပါက ဆရာတော်ကျောင်းတွင် ပြန်လည်ခန့်အပ်ကာ ကလေးတွေကို စောက်ရှောက်စေလိုတာကြောင့် MWCDF Southern Shan State မှ သင်တန်းကြေး ပေးသွင်းကာ ဆယ်တန်းကလေးမ(၂)ဦးကို ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကြေး(၂)ယောက်စာ တစ်ယောက်လျှင်(၆)လစာ-(၃၀၀,၀၀၀)ကျပ်ဖြင့် စုစုပေါင်း(၆၀၀,၀၀၀)ကျပ် ထောက်ပံ့လှုဒါန်းကာ တာဝန်ယူ ပေးခဲ့ပါသည်။

၎င်းထောက်ပံ့ငွေအား ဥက္ကဌ ဒေါ်ကေသီအောင်မှ (၃၀၀,၀၀၀)ကျပ်၊ ဒုဥက္ကဌ ဒေါ်သန္တာမင်းမှ-(၃၀၀,၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။
ယနေ့လှူဒါန်းပေးသည့် အလှူရှင်- ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အား (MWCDF-SSS)အသင်းမှ မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။

“ လုံခြုံလှပဘဝများ အမျိုးသမီးနှင့်ကလေးတိုင်းရစေသား”

သင်တန်းတက်ရောက်ရန် ဆွေးနွေးတိုင်ပင်ခြင်း
သင်တန်းတက်ရောက်ရန် ဆွေးနွေးတိုင်ပင်ခြင်း
ကျန်းမာရေးကူညီစောင့်ရှောက်မှု့သင်တန်း တက်ရောက်ရန်ကူညီဆောက်ရွက်ပေးခြင်း
%d bloggers like this: