“ ရှမ်းရိုးမဘိုးဘွားရိပ်သာ” ၌ ကျွေးမွေးလှူဒါန်းခြင်း

(၁၁.၁၁.၂၀၁၉)တန်ဆောင်မုန်းလပြည့်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးများဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကူနှင့် အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များသည် “ ရှမ်းရိုးမဘိုးဘွားရိပ်သာ” သို့သွားရောက်၍
အဖိုး/အဖွားများကို တစ်ရက်စာအာဟာရ ကျွေးမွေး လှူဒါန်းခြင်း၊ ဆေးဝါး/ဆပ်ပြာ/ဆီ နှင့် အဖိုး/အဖွား တစ်ဦးလျှင့် ငွေ (၃၀၀၀)ကျပ်ထောက်ပံ့ကာ မျိုးဆက်သစ်မောင်မယ်များက ရိပ့်သာအတွင်း ရေချိုးခန်း၊ အိမ်သာ ကစလို့ သန့်ရှင်းရေးပြုလုပ် ကုသိုလ်ယူခဲ့ကြပါသည်။ ထို့နောက် အဖိုး/အဖွားများကို အားပေးစကား ပြောကြားပြီး အဖိုး/အဖွားများ ပျော်ရွှင်စေရန် သီချင်းများသီဆို ကခုန်မှုများလည်း ကလေးများက ပြုလုပ်ခဲ့ကြပါသည်။

နတ်လူသာဓုခေါ်စေသော်

“ ရှမ်းရိုးမဘိုးဘွားရိပ်သာ” ၌ ကျွေးမွေးလှူဒါန်းခြင်း
%d bloggers like this: