ရင်သားကင်ဆာနှင့် ကနဦးစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကျင်းပပြုလုပ်ခြင်း

ပဲခူးမြို့ သီရိဟံသာခန်းမတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က မြန်မာနိုင်ငံ အမျိုးသမီး များနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဦးဆောင်ပြီး ရွွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေး ရှင်းနှင့်ပူးပေါင်း၍ အမျိုးသမီးကျန်းမာရေး ကဏ္ဍနှင့် ပတ်သက်၍ “ ရင်သားကင်ဆာနှင့် ကနဦးစမ်းသပ် စစ်ဆေးခြင်းဆိုင်ရာ” ခေါင်းစဉ်ဖြင့် အသိပညာပေး သင်တန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် CECများ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း MWCDFအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ရွွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ နှင့် သင်ကြားပေးမည့် ဆရာများ၊ အသက် (၁၈)နှစ်မှ (၅၀)နှစ်အတွင်းရှိ သင်တန်းသူ(၇၄)ဦးတို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင်ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) ဥက္ကဌကိုယ်စား ဒုတိယဥက္ကဌ ဒေါ်စုညွန့်ဦးမှ အဖွင့်အမှာ စကားပြောကြားပြီးရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ ဒေါက်တာဒေါ်ခင်သီရိက ရင်သားကင်ဆာနှင့် ကနဦးစမ်း သပ်စစ်ဆေးခြင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံအမျိုး သမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင် ရေးအသင်း(MWCDF) ဥက္ကဌ ဒေါ်ခင်ဝတ်ရည်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံအမျိုး သမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာဒေါ်ဝေဝေသာမှ အခမ်းအနားဖြစ် မြောက်အောင် ကူညီပေးကြသော ပဲခူးတိုင်းMWCDF အသင်း၊ ရန်ကုန်တိုင်း MWCDFအသင်း၊ နည်းပညာများ အားဖြင့် ကူညီပေးသော ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းတို့ကို ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာ များပေးအပ်ခဲ့ပါသည်။ ၎င်းနောက် တက်ရောက် လာကြသူများနှင့်အတူ သင်တန်းသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ဆက်လက်၍ သင်တန်းအား စာတွေ့လက်တွေ့ သင်ကြားပို့ချခြင်း၊ အဖွဲ့လိုက်စကားဝိုင်း များဖြင့် ဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားခြင်း၊ အသင်းတွင် ပါရှိသော ဆရာဝန်များဖြင့် စမ်းသပ်ပေးခြင်း၊ ဗဟုသုတရရှိအောင်နှင့် ပြောဆိုဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းတက် ရောက်လာသော သင်တန်းသူများ၏ကိုယ်စား သင်တန်း သူ(၁)ဦးမှလည်း ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ရင်သားကင်ဆာနှင့် ကနဦးစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကျင်းပပြုလုပ်ခြင်း
%d bloggers like this: