သာဝတ္ထိမြို့နယ်၊ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်သို့သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည်(၂၂.၁.၂၀၂၀)နေ့တွင် သာဝတ္ထိမြို့နယ်၊ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်သို့ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒအား ဖူးမျှော်ကန်တော့၍ အလှူငွေ၊ သင်္ကန်း၊ လှူဘွယ်ပစ္စည်းများကပ်လှူခြင်းနှင့် ကျောင်းတွင်ပြုစုစောင့်ရှောက်ထားသော မိဘမဲ့ကလေး(၉၁၉)ဦး ရှိပြီး (၃)နှစ်အရွယ် ရင်ခွင်ပိုက်ကလေး(၉၃)ဦးအတွက် လိုအပ်သော ဆေးဝါးများ၊ နို့မုန့်များ၊ စာရေး ကိရိယာများ၊ မုန့်မျိုးစုံများတို့အား လှူဒါန်းခဲ့ပါသည်။ စုစုပေါင်း လှူဒါန်းမှု -(၈၀၆,၂၅၀)ကျပ် လှူဒါန်း ခဲ့ပါသည်။

၎င်းနောက် ကျောင်းသား/သူများထမင်းစားဆောင်များ လှည့်လည်ကြည့်ရှု၍ အသင်းမှ ထိုကျောင်း တွင်ရှိသော ကလေးများအတွက် ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာပေးဟောပြောပွဲများပြု လုပ်ပေးရန်နှင့် အာဟာရကျွေးမွေးလှူဒါန်းမည့် ကိစ္စတို့ကို ဆရာတော်ထံ လျှောက်ထားခဲ့ပါသည်။

သာဝတ္ထိမြို့နယ်၊ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်သို့သွားရောက်လှူဒါန်းခြင်း
%d bloggers like this: