ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၄.၁.၂၀၂၀)နေ့တွင် MWCDFအသင်းမှ အလုပ်အမှုဆောင်အဖွဲ့တို့သည် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်၍ ပဓာနနာယက ဆရာကြီးအား MWCDFအသင်း CECများမှ စုပေါင်း၍ အလှူငွေ-(၁,၅၀၀,၀၀၀)ကျပ်နှင့် လှူဘွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ MWCDFအသင်း ဒုဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့တို့သည် စာသင်တိုက်ရှိ သီလရှင်ဆရာလေးများအား နေ့ဆွမ်းလောင်း လှူခဲ့ကြပါသည်။

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း
%d bloggers like this: