” မြန်မာ ကလေးများနေ့”ကို ကြိုဆိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/သူများအတွက် လိုအပ်သည်များထောက်ပံ့ခြင်း

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် ” မြန်မာ ကလေးများနေ့”ကို ကြိုဆိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/သူများအတွက် စာရေးကိရိယာ များ၊ မုန့်များပေးအပ်လှူဒါန်းကာ ယဉ်ကျေးလိမ္မာ၊ ပြည်သူ့နီတိ၊ မြန်မာကလေးများနေ့အကြောင်း သိကောင်းစရာများ၊ ကျောင်းကျန်းမာရေးနှင့်ဆိုင်သောအကြောင်းအရာများကို အသိပညာပေးဟော ပြောခြင်းနှင့် မေးခွန်းများမေးမြန်းကာ ဖြေဆိုနိုင်သူများအား ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ခဲချွန်စက်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ထူးချွန်ကျောင်းသား/သူများအား ဆုချီးမြှင့်နိုင်ရန်အတွက် အသင်းမှ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ခဲချွန်စက်၊ ကွန်ပါဘူးများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများထံ ပေးအပ်လှူဒါန်း ခဲ့ပါသည်။

ဆက်လက်၍ MWCDFအသင်းမှ CECများသည် ရွှေပေးကျေးရွာဓမ္မာရုံတွင် ကျေးရွာအမျိုးသမီးများနှင့် တွေ့ဆုံကာ အသင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ပရဟိတလုပ်ငန်းအားစိတ်ပါဝင်စားသူများနှင့် ကျေးရွာတွင် MWCDFအသင်းဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

” မြန်မာ ကလေးများနေ့”ကို ကြိုဆိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/သူများအတွက် လိုအပ်သည်များထောက်ပံ့ခြင်း
%d bloggers like this: