မြန်မာအမျိုးသမီးများနေ့အကြို ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၁၉.၆.၂၀၂၀)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်မှုဖြင့် မြန်မာအမျိုးသမီးများနေ့ကို online မှ ကျင်းပရန်အတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို Online စနစ် (online Virtual Meeting) ဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဋ္ဌ နှင့် တွဲဘက်အတွင်းရေးမှူးအဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာအမျိုးသမီးများနေ့အကြို ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း
%d bloggers like this: