MWCDF အသင်းမှ မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးခြင်း

ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့” ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ၂၀၂၀ပြည့်နှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) ရုံးဝင်းအတွင်း နှစ်ရှည်ပင် များ၊ အရိပ်ရအပင်များဖြစ်သော (နံ့သာဖြူ၊ မဉ္ဇူသကနတ်ပန်း၊ သရက်၊ မာလကာ၊ ပိန္နဲ၊ တမာ၊ ဗန်ဒါ၊ မန်ကျည်း၊ ဒန့်ဒလွန်၊ ပေါက်ပန်း၊ ပိတောက်၊ ပျဉ်းမ၊ သပြေဘူတ) စသည့် ပျိုးပင်ပေါင်း(၁၀၀)ကျော်ကို (၂၆.၆.၂၀၂၀)နေ့၊ နံနက်ပိုင်းတွင် MWCDF အသင်း ဒုဥက္ကဌနှင့် CEC များ၊ နေပြည်တော်တိုင်း MWCDF မှ EC များ၊ အသင်းဝင်များ စုပေါင်းပါဝင် စိုက်ပျိုးခဲ့ကြပါသည်။

MWCDF အသင်းမှ မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးခြင်း
%d bloggers like this: