မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသင်း၏ လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခြင်း

မြဝတီရုပ်မြင်သံကြားမှ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့” ကို ဂုဏ်ပြုသည့် အစီအစဉ် ထုတ်လွှင့်ပြသရန် အသင်းသို့ ဆက်သွယ်လာ သဖြင့် ရန်ကုန်တိုင်း၊ MWCDF အသင်း ဥက္ကဌ ဒေါ်တင်စိန်မှ အသင်း၏ကိုယ်စား “မြန်မာအမျိုးသမီးများ နေ့” အထိမ်းအမှတ် လုပ်ဆောင်မှုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ယခုကျရောက်နေသော Covid-19 ကမ္ဘာကပ်ရောဂါကာလ တွင် ပြည်နယ်/တိုင်းများရှိ အသင်းများမှ ကူညီစောင့်ရှောက်ရန် လိုအပ်နေသော နေရာဒေသများတွင် ကူညီထောက်ပံ့ပေးနေမှုများကို ရိုက်ကူးရေးအစီအစဉ်တွင် ရှင်းလင်းပြောကြားခဲ့ပါသည်။

၂၀၂၀ခုနှစ် ၊ မြန်မာအမျိုးသမီးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “ အမျိုးသမီးများပေါင်းစည်းအား Covid-19 ဒို့ကျော်လွှား” ဆိုသည့်အတိုင်း Covid-19 ရောဂါအား စုပေါင်းကာကွယ် ကျော်လွှားလိုက်ကြပါစို့…..

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသင်း၏ လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခြင်း
%d bloggers like this: