မင်္ဂလာရံသီ မဟာစည်ကျောင်းတိုက်နှင့် ဗုဒ္ဓဓီတာ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း ဗဟိုမှ ဒုဥက္ကဋ္ဌနှင့် CEC များသည် မကွေးတိုင်း MWCDF အသင်းအဖွဲ့၊ စလင်းမြို့MWCDF အသင်းအဖွဲ့နှင့်အတူ မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ ၊ မင်္ဂလာရံသီ မဟာစည် ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ဘဒ္ဒန္တကဝိန္ဒ အား ဖူးမျှော်ကန်တော့ပြီး ၀တ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ မုန့်များ ၊ Mask များ၊ လက်ဆေးဆပ်ပြာများ ဆက်ကပ်လှူဒါန်းကာ တရားနာယူခဲ့ကြပါသည်။

            ဆက်လက်၍ ဆင်ဖြူကျွန်းမြို့၊ ပေါ်ကျက်ဆူတန်းကျေးရွာ အနီးရှိ ဗုဒ္ဓဓီတာ သီလရှင်စာသင်တိုက်သို့ သွားရောက်၍ ကျောင်းထိုင် သီလရှင်ဆရာကြီး ဒေါ်ပါရမီနှင့် တွေ့ဆုံကာ ဝတ္ထုငွေ၊ ဆန်၊ ဆီများ၊ Mask များ၊ ကော်ဖီမစ်ထုပ်များ၊ ကြာဇံထုပ်များ လှူဒါန်းခဲ့ပါသည်။

မင်္ဂလာရံသီ မဟာစည်ကျောင်းတိုက်နှင့် ဗုဒ္ဓဓီတာ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း
%d bloggers like this: