ရွှေလဝင်းသီလရှင်ကျောင်းနှင့် မြို့တောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဗဟို မှ ဒုဥက္ကဌနှင့် CEC များသည် မကွေးတိုင်း MWCDF အဖွဲ့၊ စလင်းမြို့ MWCDF အဖွဲ့နှင့်အတူ မကွေးတိုင်း၊ စလင်းမြို့၊ ရွှေလဝင်း သီလရှင်ကျောင်းသို့ သွားရောက်၍ ၀တ္ထုငွေ၊ ဆန်၊ ဆီ၊ မုန့်များ၊ Mask များ၊ လက်ဆေးဆပ်ပြာများ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းခဲ့ပါသည်။

            ဆက်လက်၍ စလင်းမြို့ပေါ်ရှိ မြို့တောင်ပရိယတ္တစာသင်တိုက်သို့ သွားရောက်၍ ဝတ္ထုငွေ၊ ဗလာစာအုပ်၊ စားသောက်ကုန်၊ ဆပ်ပြာဆီနှင့် Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ရွှေလဝင်းသီလရှင်ကျောင်းနှင့် မြို့တောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း
%d bloggers like this: