မီးလောင်ကုန်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူ ငယ်များဘဝမြှင့်တင်ရေး အသင်း မှ ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးနှင့် CEC အဖွဲ့ဝင်များသည် မီးလောင်ကုန်းကျေးရွာ ဘုန်တော်ကြီး ကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးကေစိန္န အား ဖူးမျှော်ကန်တော့ပြီး ဘုရားဆင်းတုတော်၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ၀တ္ထုငွေ(၃၀,၀၀၀)ကျပ်၊ ဘုရားပန်း၊ ဆိုလာမီးအိမ်၊ ဆန်၊ ဆီ၊ မုန့်များ လှူဒါန်း၍ ဆရားတော်ထံမှ တရားနာယူခဲ့ကြပါသည်။

            ဆက်လက်၍ ကျေးရွာတွင် လေဖြတ်၍ ကျန်းမာရေးထောက်ပံ့ကူညီရန် လိုအပ်နေသော သက်ကြီးရွယ်အို အဖွား(၂)ဦးအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။  

မီးလောင်ကုန်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း
%d bloggers like this: