ငန်းစပ်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဒုဥက္ကဋ္ဌနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ စလောင်းအုပ်စု၊ ငန်းစပ်ကျေးရွာ ရွှေဟင်္သာ ကျောက်တိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဓမ္မာစရိယ ဦးပဏ္ဍဝအား ဖူးမျှော်ကန်တော့ပြီး ဘုရားဆင်းတုတော်၊ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ၀တ္ထုငွေ(၅၀,၀၀၀)ကျပ်၊ ဘုရားပန်း၊ ဆိုလာမီးအိမ်၊ ဆန်၊ ဆီ၊ မုန့်များ လှူဒါန်း၍ ဆရားတော်ထံမှ တရားနာယူခဲ့ကြပါသည်။

ဆက်လက်၍ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်တို့သည် ငန်းစပ်ကျေးရွာမှ အမျိုးသမီးများနှင့်တွေ့ဆုံကာ အသင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မိမိကျေးရွာဖွံ့ဖြိုးရေးအတွက် ပရဟိတစိတ်ဝင်စားသူများ အနေဖြင့် အသင်းဝင်အဖြစ် လျှောက်ထားနိုင်ကြောင်း ပြောကြားခြင်း၊ ကျေးရွာမှ ဒေါ်ခင်မာဆန်းသည် အသင်းမှ ဖွင့်လှစ်မည့် ဆပ်ပြာပြုလုပ်နည်းသင်တန်းတွင် မိမိတို့ကျေးရွာမှ (၅)ဦးတက်ရောက်လိုကြောင်း ပြောကြားခြင်း၊ အသင်း CEC များမှလည်း ဆပ်ပြာပြုလုပ်နည်း သင်တန်းဖွင့်လျှင် ဆက်သွယ်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် အသင်းဒုဥက္ကဌမှ အမျိုးသမီးအဖွဲ့အား ဘုရားဆင်းတုတော်နှင့် ဆိုလာမီးအိမ်များ ပေးအပ် လှူဒါန်းခဲ့ပါသည်။

ငန်းစပ်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း
%d bloggers like this: