Covid-19 ကာလအတွင်း ထိခိုက်လွယ် အခြေအနေရှိ အမျိုးသမီးများအား ကာကွယ်စောင့် ရှောက်ရေးအတွက် ထောက်ပံ့ခြင်း အခမ်းအနား

(၃.၉.၂၀၂၀)ရက်နေ့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)ရုံးချုပ်၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ Covid-19 ကာလအတွင်း ထိခိုက်လွယ် အခြေအနေရှိ အမျိုးသမီးများအား ကာကွယ်စောင့် ရှောက်ရေးအတွက် ထောက်ပံ့ခြင်း အခမ်းအနားကို Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)သည်

ရပ်တည်ရန်ခက်ခဲသော အမျိုးသမီးများကို အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေများ

ရရှိရန်ပံ့ပိုးပေးခြင်း၊ Covid-19 ကာလအတွင်းမှာ တစ်ဦးချင်း လိုအပ်ချက်ဖြစ်သည့် အကာအကွယ် ပစ္စည်းများကို ဖြည့်စည်းပေးတဲ့အတွက် ကျေးဇူး တင်ဝမ်းသာပါကြောင်း ပြောကြားခဲ့ပါသည်။

ကျေးလက်နေအမျိုးသမီးများနှင့် ဝေးလံခေါင်သီ

သောဒေသများမှ အမျိုးသမီး(၂၂၄)ဦးအတွက် တစ်ဦးလျှင်(၅၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၁၂)သိန်းကို ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်မှ

တဆင့် MWCDFအသင်းသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးမှ ပြောကြားရာတွင် ထောက်ပံ့ရန် လိုအပ်လျှက်ရှိသော အမျိုးသမီးများ၊ မိသားစုများကို ဦးစားပေးရွေးချယ်ကာ ကြိမ်၊ ဝါး လက်မှုအနုပညာ သင်တန်း(၂၂)ကြိမ်ဖွင့်လှစ်ပြီး သင်တန်းသား(၅၃၀)ဦးကို သင်ကြားပေးခဲ့ပါကြောင်း၊မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေခဲ့ရာမှ ယခုလိုနိုင်ငံတော်ကလည်း ထောက်ပံ့ပေးခြင်းကို မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့

ပါသည်။

Covid-19 ကာလအတွင်း ထိခိုက်လွယ် အခြေအနေရှိ အမျိုးသမီးများအား ကာကွယ်စောင့် ရှောက်ရေးအတွက် ထောက်ပံ့ခြင်း အခမ်းအနား
%d bloggers like this: