မီးဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း

(၆.၃.၂၀၂၂)နေ့တွင် ပဲခူးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ကျွန်းသာရပ်ကွက်၊ စက်ဝိုင်းမှ မီးဘေးသင့်အိမ်ခြေ(၁၃)လုံး၊ အိမ်ထောင်စု(၁၇)စု၊ လူဦးရေ(၇၃)ဦးရှိသော မီးဘေးသင့်ပြည်သူများထံ သွားရောက်၍ အားပေးစကားပြောကြားပြီး အဝတ်အထည်များ၊ ခြင်ထောင်၊ စောင်၊ ကော်ဇောဖျာ၊ ခေါက်ဆွဲခြောက်၊ မုန့်၊ ကော်ဖီမစ်များ ပေးအပ်လှူဒါန်းခဲ့ပြီး မီးဘေးသင့်မိသားစုများထဲမှ လသားအရွယ်ကလေးငယ်(၄)ဦးအတွက် တစ်ဦးလျှင် အလှူငွေ-(၂၅,၀၀၀)ကျပ်စီ ပေးအပ်လှူဒါန်းခဲ့ပါသည်။  

မီးဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း
%d bloggers like this: