mwcdf myanmar

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခြင်း

၁၅.၂.၂၀၁၇ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ MWCDFမှတွဲဘက်အတွင်းရေးမှူး တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

၁၀. ၂.၂၀၁၇ MWCDF အသင်းမှ CECများနှင့်အဖွဲ့ဝင်များသည် “ မြန်မာနိုင်ငံကလေးများနေ့” အထိမ်းအမှတ်အနေဖြင့် ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/သူများအား အာဟာရအဖြစ် ခေါက်ဆွဲကြော်ကျွေးမွေးခဲ့ပါသည်။ ထို့နောက် အသင်းမှ CEC ဒေါ်မေမြင့်မောင်မှလည်း ကျန်းမာရေးနှင့်ပတ်သက်၍သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ မူလတန်းကြိုကလေးများ ကာယဉာဏ ဘက်စုံစွမ်းရည်ပြိုင်ပွဲ” အခမ်းအနားသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ မူလတန်းကြိုကလေးများ ကာယဉာဏ ဘက်စုံစွမ်းရည်ပြိုင်ပွဲ”  အခမ်းအနားသို့ တက်ရောက်ခြင်း

၁၀. ၂. ၂၀၁၇ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော “ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်” မူလတန်းကြိုကလေးများ ကာယဉာဏ ဘက်စုံစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို MWCDFအသင်းမှဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ မြန်မာနိုင်ငံကလေးများနေ့” ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ မြန်မာနိုင်ငံကလေးများနေ့”  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

၉. ၂.၂၀၁၇ MWCDF အသင်းမှ CECနှင့်အဖွဲ့ဝင်များသည် “ မြန်မာနိုင်ငံကလေးများနေ့” ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာ ရတနာစံပြ (ဘ.က)ကျောင်းသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား သင်္ကန်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ မူလတန်းမှ အလယ်တန်းထိ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၃၃၂)ဦးအား ပြည်သူ့နီတိတွင်ပါဝင်သည့် လိုက်နာကျင့်သုံးရမည့်အချက်များ၊ သိကောင်းစရာများကို အသင်း၏တွဲဘက်အတွင်းရေးမှူးမှ ရှင်းလင်းပြောကြားခဲ့ပြီး မေးခွန်းများမေးမြန်းရာ ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် MWCDF အသင်းမှ CECနှင့်အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူ(၃၃၂)ဦးအား ခေါက်ဆွဲကြော်များ ကျွေးမွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းရန် ပြင်ဆင်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းရန် ပြင်ဆင်ခြင်း

၉.၂.၂၀၁၇ MWCDFအသင်းမှ ဖေဖော်ဝါရီလ၊ (၁၃)ရက်နေ့” မြန်မာနိုင်ငံကလေးများနေ့” အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရတနာစံပြ (ဘ.က)ကျောင်းရှိ ကျောင်းသား/သူများအတွက် ခေါက်ဆွဲကြော်များသွားရောက်လှူဒါန်းရန်အတွက် CECများနှင့်အဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ Human Rights Training Workshopသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ Human Rights Training Workshopသို့ တက်ရောက်ခြင်း

၈.၂.၂၀၁၇ MWCDFအသင်းမှ CECများနှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ပူးပေါင်း၍ ဖွင့်လှစ်သော Human Rights Training Workshop ဒုတိယနေ့တွင် အုပ်စုဖွဲ့ပါဝင်ဆွေးနွေးခဲ့ပါသည်။ သင်တန်းဆင်းအခမ်းအနားတွင် MWAF ဒုတိယဥက္ကဌမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များလည်း ပေးအပ်ခဲ့ပါသည်။