Month: နိုဝင်ဘာ 2016

“ မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းကလေးများအတွက် ပထမအကြိမ်ပညာရေးညီလာခံ” အခမ်းအနားသို့ တက်ရောက်ခြင်း

“ မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းကလေးများအတွက် ပထမအကြိမ်ပညာရေးညီလာခံ” အခမ်းအနားသို့ တက်ရောက်ခြင်း

၂၀၁၆ခုနှစ် နိုဝင်ဘာလ ၂၃ ရက်(ဗုဒ္ဓဟူးနေ့)တွင် နေပြည်တော် M.I.C.C-2 ၌ ကျင်းပပြုလုပ်သော “ မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းကလေးများအတွက် ပထမအကြိမ်ပညာရေးညီလာခံ” အခမ်းအနားသို့ MWCDF အသင်းမှ အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

(၂၃)ကြိမ်‌‌မြောက်‌ ဗဟိုအလုပ်‌အမှု‌ဆောင်‌ လုပ်‌ငန်‌းညှိနှိုင်‌းအစည်‌းအ‌ဝေး ကျင်‌းပပြုလုပ်‌ခြင်း

(၂၃)ကြိမ်‌‌မြောက်‌ ဗဟိုအလုပ်‌အမှု‌ဆောင်‌ လုပ်‌ငန်‌းညှိနှိုင်‌းအစည်‌းအ‌ဝေး ကျင်‌းပပြုလုပ်‌ခြင်း

(၂၂.၁၁.၂၀၁၆)ရက်‌‌နေ့တွင်‌ MWCDF အသင်‌းရုံးချုပ်‌‌၊ ‌နေပြည်‌‌တော်‌၌ (၂၃)ကြိမ်‌‌မြောက်‌ ဗဟိုအလုပ်‌အမှု‌ဆောင်‌ လုပ်‌ငန်‌းညှိနှိုင်‌းအစည်‌းအ‌ဝေး ကျင်‌းပပြုလုပ်‌ခဲ့ပါသည်‌။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အရေးပေါ်ကူညီလှူဒါန်းမှု

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အရေးပေါ်ကူညီလှူဒါန်းမှု

(12.11.2016)နေ့တွင် MWCDFအသင်းမှ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ချောင်းရေလျံရေတိုက်စားခဲ့၍ အိမ်ထောင်စု(၈၆)စုမှာ ရေဘေးသင့်ခဲ့ပြီး နေအိမ်(၈)လုံးမှာ တစ်ခြမ်းစောင်းပြိုကျခဲ့ပြီး ချောင်းအတွင်းသစ်သားတံတားအဟောင်းမှာ ရေစီးနှင့်အတူမျောပါသွားခဲ့ပါသည်။ ကျေးရွာအဝင်လမ်းများမှာလည်း ရေတိုက်စားခံခဲ့ရ၍ ချောက်ကြီးများဖြစ်ကာ လမ်းပျက်စီးခဲ့ပါသည်။ ရေဘေးသင့် ကျေးရွာသူ/သားများအနေဖြင့် ရေတွင်း/ရေကန်များ လုံးဝသောက်သုံးမရသဖြင့် လိုအပ်သော သောက်သုံးရေအား MWCDF အသင်းမှ ရေသန့်ဘူးများဖြင့် သွားရောက်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ လှုမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီအစည်းအဝေး( ၁/၂၀၁၆)သို့ တက်ရောက်ဆွေးနွေးခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ လှုမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီအစည်းအဝေး( ၁/၂၀၁၆)သို့ တက်ရောက်ဆွေးနွေးခြင်း

၂၀၁၆ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့တွင် ‌နေပြည်‌‌တော်‌ ရုံးအမှတ်‌(၂၃) လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော လှုမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီအစည်းအဝေး( ၁/၂၀၁၆)သို့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှကျင်းပသည့် ” ကလေးစာပေပွဲတော် ” ကလေးစာပေပြပွဲနှင့်စာအုပ်စျေးရောင်းပွဲသို့ MWCDFမှ ကျောင်းသား/သူများအား ပါဝင်ဆင်နွှဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာနမှကျင်းပသည့် ”  ကလေးစာပေပွဲတော် ”  ကလေးစာပေပြပွဲနှင့်စာအုပ်စျေးရောင်းပွဲသို့ MWCDFမှ ကျောင်းသား/သူများအား ပါဝင်ဆင်နွှဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း

MWCDF အသင်း၏ ပညာရေးလှုပ်ရှားမှု ******************-**************** ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ စနေနေ့ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ နေပြည်တော် MICC-2 ၌ ကျင်းပပြုလုပ်သော ” ကလေးစာပေပွဲတော် “ သို့ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ချင်းရွာကျောင်းမှ ကျောင်းသား/သူများလည်း ပါဝင်ဆင်နွှဲခဲ့ပါသည်။