ထောက်ပံ့လှူဒါန်းခြင်း

၂.၈.၂၀၂၀၂၅ ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကရင်ပြည်နယ် ဘားအံမြို့အမှတ်( ၄ )ရပ်ကွက် အမက(၁၁) ကျောင်း၌ ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၅၄)စု၊ လူဦးရေ(၂၅၀) ဦးအတွက် ယနေ့ညနေစာထမင်းဗူး (၂၅၀)ထုတ်၊ မားမားခေါက်ဆွဲခြောက် (၁၈)ဖါ၊ ပဲနို့ဗူးသေး(၁၂၀)၊ ကြက်ဥကိတ် (၁၅၀)ခုတို့ကို စုစုပေါင်းလှူဒါန်းမှုငွေ-(၁,၅၈၀,၀၀၀)ကျပ် ပေးဝေထောက်ပံ့ခဲ့ပါသည်။













