Month: ဇွန် 2017

MMCWA သို့အလှူငွေပေးအပ်ပွဲအခမ်းအနား

MMCWA သို့အလှူငွေပေးအပ်ပွဲအခမ်းအနား

၂၉.၅.၂၀၁၇နေ့တွင် MWCDFအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးသည် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၇)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အလှူငွေ(၁၀)သိန်းကျပ်ပေးအပ် လှူဒါန်းခဲ့ပါသည်။

မေတ္တာစမ်းရေဆေးခန်းရှိကိုယ်ဝန်ဆောင်မိခင်များအားလှူဒါန်းခြင်း

မေတ္တာစမ်းရေဆေးခန်းရှိကိုယ်ဝန်ဆောင်မိခင်များအားလှူဒါန်းခြင်း

၂၄.၅.၂၀၁၇နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CEC များသည် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မေတ္တာစမ်းရေဆေးခန်းသို့သွားရောက်၍ ကိုယ်ဝန်ဆောင်မိခင်(၇၀)ဦးအား အာဟာရဖြည့်စွက် အစားအစာများ၊ ကလေးအနှီးပိတ်စများ ပေးအပ်လှူဒါန်းခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အားပေးစကားများပြောကြားခဲ့ပါသည်။

အခမဲ့ဆေးခန်းဆောက်လုပ်ဖွင့်လှစ်နိုင်ရန်အလှူငွေပေးအပ်ခြင်း

အခမဲ့ဆေးခန်းဆောက်လုပ်ဖွင့်လှစ်နိုင်ရန်အလှူငွေပေးအပ်ခြင်း

၂၄.၅.၂၀၁၇ နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် CEC များသည် နေပြည်တော် ဥတ္တရသီရိမြို့နယ် မင်းကုန်းအုပ်စု သဲကျွန်းကျေးရွာ ရတနာစံပြကျောင်းတိုက်သို့သွားရောက်၍ သဲကျွန်းကျေးရွာနှင့် အနှီးအနားကျေးရွာများရှိ ဒေသခံပြည်သူများနှင့်ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အခမဲ့ဆေးခန်းဆောက်လုပ်ဖွင့်လှစ်နိုင်ရန်အတွက် MWCDFအသင်းမှ အလှူငွေ(၃၂၅၃၉၉၀)ကျပ် အားကျောင်းထိုင်ဆရာတော်ထံပေးအပ်လှူဒါန်းခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ

(၂၁.၅.၂၀၁၇)ရက်နေ့တွင် နေပြည်တော် MWCDFရုံးချုပ်၊ ကုမုဒြာခန်းမတွင် တတိယအကြိမ်မြောက် ဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စာ (Intermediate Level) သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

Summer English Training Writing Examination

Summer English Training Writing Examination

၂၀.၅.၂၀၁၇ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ကြီးမှူး၍ဖွင့်လှစ်သော တတိယအကြိမ် နွေရာသီအင်္ဂလိပ်စာ(Intermediate Level)အဆင့် သင်တန်းတွင် သင်ကြားပို့ချမှုအပိုင်းပြီးမြောက်ပြီဖြစ်၍ သင်တန်းသား/သူများအား ရေးဖြေစာမေးပွဲ စစ်ဆေးနေခြင်း

MWCDFအသင်းနှင့်IFC မှ Solar Distribution ကိစ္စဆွေးနွေးခြင်း

MWCDFအသင်းနှင့်IFC မှ Solar Distribution ကိစ္စဆွေးနွေးခြင်း

19.5.2017နေ့တွင် MWCDFအသင်း CECများနှင့် International Finance Corporation(IFC)မှ တာဝန်ရှိသူများတွေ့ဆုံ၍ Commercial solar distribution ကိစ္စနှင့်ပတ်သက်သည့် အစည်းအဝေးအား MWCDFအသင်း ရန်ကုန်ရုံး၌ ပြုလုပ်ခဲ့ပါသည်။