ကျန်းမာရေးအနေဖြင့် အသင်းမှဆရာဝန်များ၊ အဖွဲ့ဝင်များထဲမှ ဆရာဝန်များဦးစီး၍ စောင့်ရှောက်မှုပေး ရန်လိုအပ်သောကျေးရွာများသို့ လက်တွေ့ကွင်းဆင်းကုသပေးခြင်း၊ ပရဟိတမိဘမဲ့ကျောင်းများသို့ ကျန်းမာရေး ဆေးစစ်ပေးခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေးပညာပေးဟောပြောပွဲများပြုလုပ်ပေးခြင်းအား တိုင်းနှင့်ပြည်နယ် အနှံ့ဆောင်ရွက်ပေးလျှက်ရှိပါသည်။
၎င်းအပြင်မသန်စွမ်းကျောင်းများ၊ မသန်စွမ်းသူများကိုပါ လစဉ်ကူညီ၍ ကျန်းမာရေးဆေးစစ်ပေးခြင်း၊ အာဟာရများထောက်ပံ့ခြင်းအားဆောင်ရွက်လျှက်ရှိပြီး ကျေးရွာများရှိသက်ကြီး ရွယ်အိုများကိုပါ ထောက်ပံ့ကူညီခဲ့ပါသည်။ အချို့ကျေးရွာများတွင် ပြည်သူကျန်းမာရေးဦးစီးဌာနမှဆရာဝန်များ၊ ကျန်းမာရေးဆရာ၊ ဆရာမများနှင့်ပူးပေါင်း၍ ကူညီစောင့်ရှောက်ပေးလျှက်ရှိပါသည်။ ကိုယ်ဝန်ဆောင်မိခင်များ နှင့်မွေးဖွားပြီးမိခင်များအားလည်းလစဉ်သွားရောက်ပြီး အာဟာရရှိ၍ဖွံ့ဖြိုးစေရန် အာဟာရကျွေးမွေးခြင်းနှင့် လိုအပ်သည်များ ကူညီစောင့်ရှောက်မှုပေးလျှက်ရှိပါသည်။
ကျေးရွာများတွင်နေထိုင်ကြသော တိုင်းရင်းသား/သူများသည် ကျန်းမာရေးဗဟုသုတနည်းပါးခြင်း၊ ဆေးကုသမှုအသိပညာဗဟုသုတမရှိခြင်း၊ ဆေးကုသရန်ငွေကြေးခက်ခဲခြင်းတို့ကြောင့် အသက်များစွာဆုံးရှုံးခဲ့ ကြရ၍ အသင်းအနေဖြင့် ကူညီဆောင်ရွက်လျှက်ရှိသောကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အသိပညာပေးဟောပြောမှုများပြုလုပ်ပေးလျှက်ရှိပြီး (ဘ.က)ကျောင်းများတွင် ကျန်းမာရေးအတွက်ရေလောင်း အိမ်သာများကိုပါကူညီလှူဒါန်းပေးခဲ့ပါသည်။

မွန်ပြည်နယ်
- ကျိုက်ထိုမြို့နယ်အတွင်းရှိ သဝေါသောကျေးရွာ၊ ကော်ကပ်ကျေးရွာ၊ ခမောက်ခွေကျေး ရွာများ၊
ပဲခူးတိုင်း
- ကျောက်ကြီးမြို့နယ်အတွင်းရှိကျေးရွာများ၊
နေပြည်တော်

- ဥတ္တရသီရိမြို့နယ်၊ မအူလေးပင် ကျေးရွာ၊
- တပ်ကုန်းမြို့နယ်အတွင်းရှိကျေးရွာများ၊
- MMCWAမှဖွင့်လှစ်သော မေတ္တာစမ်းရေဆေးခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးဖွား မိခင်များအား အာဟာရကျွေးမွေးလှူဒါန်းခဲ့ပါသည်။
ဧရာဝတီတိုင်း
- ပုသိမ်မြို့နယ်၊ ဇလွန်မြို့နယ်၊ ရေကြည်မြို့ နယ်အတွင်းရှိကျေးရွာများသို့ ဆေးကုသရေး၊ ကျောင်းကျန်းမာရေးပညာပေး ဟောပြောဆွေးနွေးခြင်း
- သဘာဝရေဘေး၊ မီးဘေးကယ်ဆယ်ရေးများတွင်လည်း လိုအပ်သောဆေးဝါးများအား ပေးအပ်လှူဒါန်းခြင်း
ကျန်းမာရေး
အာဟာရကျွေးမွေးလှူဒါန်းခြင်း
မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းကြီး၏ (၁၂)နှစ်ပြည့် အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ ၁၉.၀၅.၂၀၂၅ …Read More »ထောက်ပံ့လှူဒါန်းခြင်း
၁၇.၅.၂၀၂၅ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ မုပွန်ရပ်ကွက်၊ တိုးချဲ့(၅)လမ်းနေ အသက်(၈၀)နှစ် အရွယ် ခိုကိုးရာမဲ့ …Read More »အာဟာရကျွေးမွေးလှူဒါန်းခြင်း
၁၄.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၁၂)ပြည့်မွေးနေ့အလှူအဖြစ် အသင်း ဥက္ကဋ္ဌ၊ …Read More »ထောက်ပံ့လှူဒါန်းခြင်း
၈.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အလှူရှင်များစုပေါင်း၍ ငလျင်ဒဏ်ကြောင့် …Read More »ထောက်ပံ့လှူဒါန်းခြင်း
၈.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အလှူရှင်များစုပေါင်း၍ …Read More »