MWCDF အသင်းသည်
အမျိုးသမီးများ၊ ကလေးသူငယ်များဘဝကိုမြှင့်တင်သည့်အနေဖြင့် အောက်ပါ သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်-
(၁) လူငယ်ခေါင်းဆောင်မှုနှင့်ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်းသင်တန်း အမှတ်စဉ်(၁)
(၂) လူငယ်ခေါင်းဆောင်မှုနှင့်ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်းသင်တန်း အမှတ်စဉ်(၂)
(၃) လူငယ်ခေါင်းဆောင်မှုနှင့်ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်းသင်တန်း အမှတ်စဉ်(၃)
(၄) လူငယ်ခေါင်းဆောင်မှုနှင့်ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်းသင်တန်း အမှတ်စဉ်(၄)
(၅) ပိုးချည်ဖြင့်ပန်းခြောက်ပြုလုပ်နည်း အခြေခံသင်တန်း
(၆) ပိုးချည်ဖြင့်ပန်းခြောက်ပြုလုပ်နည်း အဆင့်မြှင့်သင်တန်း
(၇) နွေရာသီအင်္ဂလိပ်စာ စကားပြောသင်တန်း (Elementary Level)
(၈) နွေရာသီအင်္ဂလိပ်စာ စကားပြောသင်တန်း (Pre-Intermediate Level)
(၉)နွေရာသီအင်္ဂလိပ်စာ ရေး၊ဖတ်၊ပြော၊နားထောင်မှုသင်တန်း(Intermediate Level)
(၁၀)အိမ်တွင်းမှုအခြေခံသင်တန်းများ၊
MWCDFအသင်းနှင့်မိတ်ဘက်အဖွဲ့အစည်းများမှ ဖိတ်ကြားသောဆွေးနွေးပွဲများကိုလည်း အောက်ပါ အတိုင်းတက်ရောက်ခဲ့ပါသည်-
၂၀၁၃ခုနှစ်
- Women’s League Burma(WLB), International Women Forum
- Backstage Assest Management CANDA Foundation မှ Representative များနှင့်ပူပေါင်းဆောင်ရွက်ရေး၊
- အိန္ဒိယနိုင်ငံ Barefoot Collage မှတာဝန်ရှိသူများနှင့်ကျေးလက်ဖွံ့ဖြိုးရေးအစည်းအဝေး၊
- Gender & Peace Workshop အား MWCDF, MPCနှင့် Care Myanmar သုံးဖွဲ့ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးများအား တက် ရောက်ဆွေးနွေးခဲ့ပါသည်။
၂၀၁၄ခုနှစ်
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးအား၎င်း၊
- MCDI အဖွဲ့ဖြင့် ကျန်းမာရေးကိစ္စပူးပေါင်းဆောင်ရွက်ရန်၎င်း၊
- MWAF ၏ Annual Day အား၎င်း၊
- Association of Myanmar Disable Women Affair(AMDWA) အဖွဲ့နှင့်၎င်း၊
- MWCDF, Switzerland Embassy, MPC အဖွဲ့(၃)ဖွဲ့ပူးပေါင်း၍ Women Voice in Myanmar Peace Process အခမ်း အနားအား၎င်း၊
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ CEDAW အစည်းအဝေး
- FTUM နှင့်အမျိုးသမီးစွမ်း ဆောင်ရည်မြှင့်တင်မှုသင်တန်းပူးပေါင်းဖွင့်လှစ်ရန်၎င်း၊
- မန္တလေးမြို့တွင် လူငယ်နှင့်ငြိမ်းချမ်းရေးဖိုရမ်အား၎င်း၊
- MMWCA မှကျင်းပပြုလုပ်သော 8th APCRSHR Conference အစည်းအဝေးသို့၎င်း၊
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ Social Protection Policy အစည်းအဝေး အား၎င်း၊
- MMCWA နှင့် IPPF တို့မှပူးပေါင်း၍ဘေးအန္တရယ် ကျရောက်စဉ် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုပေးခြင်း သင်တန်းဖွင့်ပွဲသို့၎င်း၊
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှဖိတ်ကြားသော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အား၎င်း၊ ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးများဖိုရမ် ၂၀၁၄ သို့၎င်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။
၂၀၁၅ခုနှစ်
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှပြုလုပ်သော မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားအား ၎င်း၊Network of Social Service Agencies (NOSSA) Consultation Meeting သို့၎င်း၊
- Social Protection ဆွေးနွေးပွဲများသို့၎င်း၊
- MMCWA မှဖွင့်လှစ်သောရှေးဦးကလေးသူငယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဝန် ဆောင်မှုပေးသူများအတွက် သင်တန်းသို့၎င်း၊ MMCWA နှစ်ပတ်လည်အခမ်းအနားသို့၎င်း၊
- လူမှုဝန်ထမ်းဦးဌာန မှဖိတ်ကြားသောသက်ကြီးရွယ်အိုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့၎င်း၊
- အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့် အမျိုးသမီးများ၏ခံနိုင်ရည်စွမ်းအားသုတေသန မိတ်ဆက်ပွဲအား၎င်း၊
- အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးအစည်း အဝေးအား၎င်း၊
- ပြည်သူ့ရေးရာမူဝါဒများတွင် ဂျန်ဒါဆန်းစစ်လေ့လာမှုနှင့်ဂျန်ဒါထည့်သွင်းစဉ်းစားခြင်းဆိုင်ရာ အထောက်အကူပြုသင်တန်းသို့၎င်း၊
- အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း) ရှင်းလင်းသည့်အခမ်းအနားသို့၎င်း၊
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ ပြုလုပ်သော NAPA စီမံကိန်း ပထမအဆင့်လေ့ လာတွေ့ရှိချက်အပေါ် အကြံပြုချက်ဆွေးနွေးပွဲအား၎င်း၊
- MMCWA မှပြုလုပ်သော နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားသို့၎င်း၊ မွေးဖွားမှုမှတ်ပုံတင်ရေးအလုပ်ရုံဆွေးနွေးပွဲသို့၎င်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။