(၃)နှစ်မြောက်အသင်း၏ နှစ်ပတ်လည်တွင်ပြောကြားသော ဥက္ကဌ ၏ နှုတ်ခွန်းဆက်အမှာစကား

 

အသင်းဥက္ကဌဒေါ်ဝေဝေသာ မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း
မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ၏ (၃)နှစ်မြောက် နှစ်ပတ်လည်တွင် အသင်းဥက္ကဌ ဒေါ်ဝေဝေသာ မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း

မင်္ဂလာပါရှင်….

ကျွန်မတို့ MWCDF နှစ်ပတ်လည်အစည်းအဝေးနဲ့ အလှူရှင်စေတနာရှင်များအား ဂုဏ်ပြုပွဲကို အလုပ်တွေမအားကြတဲ့ကြားထဲက တက်ရောက်ချီးမြှင့်ပေးကြပါသော ဧည့်သည် တော်များ၊ အလှူရှင်များနဲ့တကွ ကျွန်မတို့MWCDFအဖွဲ့ဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံပါစေကြောင်းဦးစွာ ဆုတောင်းမေတ္တာပို့သ နှုတ်ခွန်းဆက်သအပ် ပါတယ်။
ကျွန်မတို့အသင်းကြီးကိုဖွဲ့စည်းခဲ့တာဟာအခုဆိုရင် (၃)နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။
တည်ငြိမ်အေးချမ်းပြီးဖွ့ံဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကိုဒီမိုကရေစီစနစ်သစ်နဲ့ စတင်ကူး ပြောင်း အကောင်အထည်ဖေါ် ပြီးခဲ့တဲ့အစိုးရ နိုင်ငံတော်သမ္မတ ကြီးဦးသိန်းစိန် ကနိုင်ငံ တည်ဆောက်ရေးမှာအရပ်ဖက် လူ့အဖွဲ့အစည်းများရဲ့ပါဝင်ဆောင်ရွက်မှု အရေးပါခြင်းကို အသိ အမှတ်ပြုပြီး၂၀၁၃ ခုနှစ် နိုဝင်ဘာမှာအရပ်ဖက် လူ့အဖွဲ့အစည်းဆိုင်ရာ Forum ကိုကျင်းပ ပေးခဲ့ပါတယ်။

လူထုအခြေပြုအဖွဲ့ အဖွဲ့ဝင်များအနေနဲ့ဒီမိုကရေစီကိုစတင်ဖော်ဆောင် အသက် သွင်းရတဲ့ နိုင်ငံတော်အစိုးရသစ်ရဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းများအပေါ်ထားရှိတဲ့ သဘောထား ကိုကြိုဆိုခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲကျွန်မတို့ရဲ့ MWCDF ကိုလည်းစတင် ဖွဲ့စည်းတည် ထောင်ခဲ့ပါတယ်။

အသင်းနာယကကြီးရဲ့ လမ်းညွှန်မှုနဲ့အတူအဖွဲ့ဝင် ဗဟိုအလုပ် အမှုဆောင် အားလုံးရဲ့ ဆန္ဒနဲ့အညီ Vision၊ Mission၊ Goal တွေကိုစနစ်တကျ ချမှတ်ပြီးလက်တွေ့ကျကျ စတင်အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ကြပါတယ်။
ကျွန်မတို့ MWCDF အနေနဲ့ နိုင်ငံရေးအရောင်အသွေးမပါဘဲစိတ်စေတနာရှင်းရှင်းနဲ့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အသီးသီးရဲ့ လူမှုစီးပွါးဘဝများကို မြှင့်တင်ပေးနိုင်ခဲ့ပြီးလူမှုအရင်းအမြစ်များ (Social Capital) ပိုပြီးအားကောင်းလာအောင် တဖက်တလမ်းကအားဖြည့် ပါဝင်ကူညီဆောင် ရွက်ခဲ့ကြပါတယ်။
အားလုံးသိထားကြတဲ့ အတိုင်းအစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းဆိုတာ အလှူရှင် တွေဆီကရတဲ့ အလှူငွေကိုသက်ဆိုင်ရာအသင်းအဖွဲ့များကချမှတ်ထားတဲ့ ရည်ရွယ်ချက်များနဲ့ ကိုက်ညီပြီးအမှန်တကယ်လိုအပ်နေတဲ့သူတွေ/ဒေသတွေကလူမှု စီးပွါးဘဝတွေကို မြင့်တက်လာ အောင် ဖွံ့ဖြိုးလာအောင်ဆိုတဲ့ခံယူချက်နဲ့လုပ်ဆောင်ပေးနေကြတာများပါတယ်။
ပြည့်စုံကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတခုဖန်တီးဖေါ်ဆောင်ရာမှာအမျိုးသမီးများနဲ့ ကလေး များ ရဲ့ဘဝတွေကိုစောင့်ရှောက်မြှင့်တင်ပေးခြင်းဖြင့် လူသားတဦးချင်းစီက နေမိသားစုတစုချင်း စီအထိ၊ ဒီကနေလူ့ဘောင်အဖွဲ့အစည်းတရပ်လုံးကို ကူညီစောင့်ရှောက်ရာရောက်တယ်ဆိုတာ ကျွန်မတို့အားလုံးလက်ခံထားကြတာဖြစ်ပါတယ်။

ကောင်းမွန်တဲ့အလေ့အကျင့်တွေ၊ ခံယူချက် တွေနဲ့ ဒီမိုကရက်တစ်ယဉ်ကျေးမှုတွေကို လူထုလူတန်းစားအား လုံးကြားမှာ ပျံ့နှံ့ စေပြီး လက် ခံ ကျင့်သုံးသွားစေဖို့ ကျွန်မတို့ MWCDF အနေနဲ့ တာဝန်သိနိုင်ငံသားများနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပီပီ အရည်အချင်းရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက်ဖော်ဆောင်နေမှာ ဖြစ်ပါတယ်။

လူမှု စီးပွါးဘဝများနိမ့်ကျနေတဲ့ ပြည်သူများအနေနဲ့လည်းအလှူရှင်များရဲ့ အထောက်အပံ့ကိုသာ အား ကိုးနေတာမျိုးမဟုတ်ပဲမိမိတို့ဘဝတိုးတက် မြင့်မားဖို့အတွက် မိမိတို့ကိုယ်တိုင်ပါဝင် ကြိုးစား ဆောင်ရွက်ကြရင်းကိုယ်စီလူမှုစီးပွါးဘဝများကို မြင့်မားသွားစေမယ့် Model မျိုးနဲ့ ကျွန်မတို့ အဖွဲ့ ကဖော်ဆောင်လျှက် ရှိပါတယ်။

အလှူရှင်များအဖွဲ့အစည်းများရဲ့ ထောက်ပံ့မှုကိုသာအားကိုး Dependent မဖြစ်စေဘဲ ကိုယ် တိုင်ပါဝင် မြှင့်တင်ဆောင်ရွက်ကြမဲ့ လူ့အဖွဲ့အစည်းအဖြစ်ဖြစ်မဲ့ Model မျိုးနဲ့ ကျွန်မတို့ အဖွဲ့က ဆောင်ရွက်လျက်ရှိပါတယ်။
ကျွန်မတို့ MWCDF အဖွဲ့အနေနဲ့ ချမှတ်ထားတဲ့ Vision ၊ Mission ၊ Goal တွေကိုပေါက် မြောက်အောင်မြင်စေဖို့ပိုမိုကောင်းမွန်တဲ့ မူဝါဒ (Policy) တွေ၊ မဟာဗျူဟာ (Strategy)တွေ နဲ့ ထိထိရောက်ရောက် ဖော်ဆောင်သွားရမှာလည်း ဖြစ်ပါတယ်။
ကျွန်မတို့ အဖွဲ့လက်ရှိရပ်တည်နေတဲ့ အနေအထားကတော့ ကျွန်မတို့အဖွဲ့ဝင်များရဲ့ ပါဝင် လှူဒါန်းငွေ၊ စေတနာရှင်အလှူရှင်များရဲ့လှူဒါန်းငွေ၊ အဖွဲ့ဝင်များရဲ့အချိန်ပေးပါဝင်ဆောင်ရွက်မှု၊ တတ်သိပညာရှင်များရဲ့ ကူညီပေးမှု၊ စည်းရုံးရေးစွမ်းရည် networking ကောင်းမှုတွေစတဲ့ မတူ ညီတဲ့အရည်အချင်းတွေ၊ အတွေ့အကြုံတွေကို ပေါင်းစည်းပြီးတူညီတဲ့ ပန်းတိုင်ကိုလျှောက် လှမ်းနေကြတဲ့ပုံစံနဲ့ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ တူညီတဲ့စိတ်ထားနဲ့အတူ ချမှတ်ထားတဲ့ Vision ၊ Mission၊ Goal တွေကိုအောင်မြင်အောင် ဆောင်ရွက်နေတဲ့အပေါ်မှာ ကျွန်မတို့ထက်ပိုမိုအတွေ့အကြုံများတဲ့သူများ၊ တတ်သိပညာရှင်များရဲ့ အကြံဉာဏ်ပေးမှုများ၊ အဖွဲ့ ဝင်များရဲ့ စုပေါင်းဆွေးနွေးချက်များနဲ့တကွ လက်တွေ့မြေပြင်လုပ်ငန်း implementation မှာ တွေ့ရတဲ့ပြည်သူများ၊ ကျွန်မတို့ဆောင်ရွက်နေတဲ့ ဒေသ၊ ရပ်ရွာများမှလိုလားချက်များနဲ့အညီ ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပါတယ်လို့ ပြောလိုပါတယ်။
အဓိကအားဖြင့်တော့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ နိုင်ငံတော် အစိုးရ ဆောင်ရွက်လျက်ရှိတဲ့

National Strategic Plan For the Advancement of Women (2013 – 2022) NASPAW
– Women and Livelihoods
-Women, Education and Training
-Women and Emergencies
-Women and Decision-making
-Institutional Mechanisms for the Advancement of Women
– The Girl Child
အချက် (၁၂)ချက်မှာ ကျွန်မတို့ ဆောင်ရွက်နိုင်သလောက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်၊

သုံးသပ်မိသလောက် NASPAW ရဲ့ implementation အားနည်းနေတာ တွေ့ရတဲ့ အတွက်လည်းလိုအပ်တဲ့အချက်မှာ ကျွန်မတို့ MWCDF ကပူးပေါင်းဆောင်ရွက်ကြပါမယ်။

၂၀၁၆ – ၂၀၁၇ Plan မှာရည်ရွယ်ချက်တူအဖွဲ့အစည်းများနဲ့အတူ NGO စည်းမျဉ်းစည်းကမ်းများ နှင့်အ ညီပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကလေးသူငယ်များ ဖွ့ံဖြိုးတိုးတက်ရေးလုပ်ငန်းမှာလဲဦးစားပေးအနေနဲ့ ဝေးလံသောဒေသ များကစောင့်ရှောက်မှုလိုအပ်နေတဲ့ ကလေးများဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ဖို့ ကျွန်မတို့ CEC အဖွဲ့များအဖွဲ့ဝင်များက မျှဝေတာဝန်ခံပြီးဆောင်ရွက် သွားကြမှာဖြစ်ပါတယ်
ကျွန်မတို့ အဖွဲ့အနေနဲ့ အမျိုးသမီးကဏ္ဍကလေးများ ဘဝဖွံ့ဖြိုးတိုးတက်မြင့်မားရေး ဆောင်ရွက်ချက်တွေကိုလည်း ပြန်လည်သုံးသပ်ဆွေးနွေးပြီး ရှေ့ကိုယခုထက်ပိုမိုထိရောက်အောင် မြင်နိုင်ရန်နဲ့ နိုင်ငံတော်မှချမှတ်ထားရှိတဲ့ ရည်မှန်းချက်များကို ထိရောက်စွာကူညီဆောင်ရွက် ပေးနိုင်ရန် ကြိုးစားဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရမှလဲ ယခင်ကလိုဘဲလူ မှုရေးအဖွဲ့အစည်းများအားကောင်းပြီး Social Capital အားကောင်းလာပြီး Stakeholders များအားလုံး နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်သင့်သောသူများတစ်ဖွဲ့နှင့်တစ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်မှုများပိုမိုအားကောင်းလာအောင် ကျွန်မတို့ လွတ်လပ်စွာဆောင်ရွက်သွားနိုင်ဖို့ ဆက် လက်အားပေးမယ်လို့လည်း ယုံကြည်ပါတယ်ရှင်။
Volunteer Spirit ;အများအကျိုးအတွက် သယ်ပိုးလိုစိတ်၊ အနစ်နာခံလိုစိတ်၊ မေတ္တာ တရားကြီးမားတဲ့စိတ်ရှိတဲ့သူတွေနဲ့စုစည်းဖွဲ့စည်းထားတဲ့ အသင်းဖြစ်တဲ့အတွက် ယခုအခမ်းအနား သို့ တက်ရောက်လာကြသူမေတ္တာရှင်များကိုလဲ ကျွန်မတို့ကအထူးဘဲကျေးဇူးတင်ပါတယ်၊

ကျွန်မ တို့နဲ့ အတူဆက်လက်လက်တွဲပါဝင် ကူညီဆောင်ရွက်နိုင်ဖို့ မေတ္တာရှေ့ထား ဖိတ်ခေါ်ကြိုဆိုလျက် ရှိပါကြောင်းပြောကြားရင်းနိဂုံးချုပ်ပါတယ်ရှင်။

 

ဒေါက်တာဝေဝေသာ

ဥက္ကဌ

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း

သြဂုတ်လ ၃ရက်နေ့ ၂၀၁၆ခုနှစ်