ပညာရေးကူညီဆောင်ရွက်မှု

MWCDF အသင်းအနေဖြင့် ကူညီစောင့်ရှောက်မှုပေးရန် လိုအပ်သောကျောင်းများ၊ (ဘ.က)ကျောင်း များ၊ မိဘမဲ့ကျောင်းများနှင့် သီလရှင်စာသင်တိုက်များ၊ ပရဟိတကျောင်းများ၊ ငြိမ်းချမ်းရေးရရှိပြီး ပြန်လည် ထူထောင်နေထိုင်လျှက်ရှိသော ကျေးရွာများရှိစာသင်ကျောင်း၊ မူကြိုကျောင်းများအား အဓိကကူညီလှူဒါန်းခဲ့ပါ သည်။
ရည်ရွယ်ချက်မှာ စာသင်ကြားပေးနေသောကျောင်းများသည် အနာဂတ်နိုင်ငံတော်အတွက် ပုံဖော်ပေး မည့်သူများအား ပုံသွင်းပေးသောနေရာ၊ ပညာပေးသောနေရာဖြစ်ပါသည်။ ကျောင်းသင်ခန်းစာသင်ကြားပေးရုံ သာမကဘဲ လူနေမှု၊ ဘဝနေထိုင်နည်းများပါသင်ကြားပေးပြီး နိုင်ငံတော်အတွက်စည်းကမ်းတာဝန်သိတတ် သောနိုင်ငံသားကောင်းများ ပြုစုပျိုးထောင်ပေးသော နေရာလည်းဖြစ်ပါသည်။
သင်တန်းများအနေဖြင့်လည်း လူငယ်ခေါင်းဆောင်မှုနှင့်ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေးသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများ၊ အိမ်တွင်းမှုသင်တန်းများအား MWCDFအသင်းမှလေ့ကျင့်သင်ကြားပေးခြင်းဖြစ်၍ စွမ်းရည်မြှင့်တင်နိုင်ရုံသာမက ရဲရဲဝံ့ဝံ့ပြောဆိုလုပ်ကိုင်တတ်ခြင်းများကိုပါ တစ်ပါတည်းဆောင်ရွက်ပေးလျှက်ရှိ ပါသည်။

ရန်ကုန်တိုင်း

Lapyae Wun orphanage school, Titegyi Township,Yangon Region
လပြည့်ဝန်းလူငယ်ဖွံ့ဖြိုးတိုးတက်ရေးဂေဟာ ၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်
  •  မှော်ဘီမြို့နယ်၊ ပါရမီဖြည့်(ဘ.က)ကျောင်း၊
  • တိုက်ကြီးမြို့နယ် ၊ လပြည့်ဝန်းလူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဂေဟာ
  • မရမ်းကုန်းမြို့နယ်၊အမှတ်(၄၉)၊ မလိခလူငယ်သင်တန်းကျောင်း၊
  • သံလျင်မြို့၊ခေမာရာမသီလရှင် စာသင်တိုက်၊

ပဲခူးတိုင်း

  • ပဲခူးမြို့နယ်အတွင်းရှိကွမ်ပေါင်ကျေးရွာ၊အိုးဘိုကျေးရွာ၊
  • ကျောက်ကြီးမြို့နယ် အတွင်းရှိမြက်ရဲတိုင်ပင်ကျေးရွာ၊ ဖိုးသောင်းစုကျေးရွာ၊
  • သံတောင်မြို့နယ်အတွင်းရှိရွာတန်းရှည်ကျေးရွာ၊မရမ်း ကွင်းကျေးရွာ၊
  • တောင်ငူမြို့နယ်ရှိ ဇေယျာသီရိမိဘမဲ့အမျိုးသမီးသီလရှင်ကျောင်း၊

နေပြည်တော်

 

 

  • ဥတ္တရသီရိ မြို့နယ်ရှိ ရတနာစံပြ(ဘ.က)ကျောင်း၊
  • မအူလေးပင်ကျေးရွာ (အ.မ.က)ကျောင်း၊
  • ချင်းရွာ(အ.ထ.က)(၁၂)၊(အ.မ.က)(၃)၊
  • လယ်ဝေးမြို့နယ်ရှိ သံလမ်း(ဘ.က)ကျောင်း၊
  • ဇေယျာသီရိမြို့နယ်ရှိ ရွှေကြာပျိုးခင်း(ဘ.က) ကျောင်း၊
  • တပ်ကုန်းမြို့နယ်ရှိ စိန်ပန်းခိုင်ကျေးရွာ(ဘ.က)ကျောင်း၊
  • ဒက္ခိဏသီရိမြို့နယ်ရှိ အောင်ချမ်းသာ ပရဟိတသီလရှင်ကျောင်း၊
  • ပျဉ်းမနားမြို့နယ်ရှိ ဇေယျာရာမသီလရှင်စာသင်တိုက်၊
  • ပုပ္ဗသီရိမြို့နယ်ရှိ အေး မေတ္တာစံ(ဘ.က)ကျောင်း၊

မွန်ပြည်နယ်

Opening ceremony of primary school at Mon State donated by MWCDF
ငြိမ်းချမ်းရေးရယူပြီး ပြန်လည်ထူထောင်သော ကျိုက်ထိုမြို့နယ်အတွင်းရှိ သဝေါသော(ရွာသစ်) တွင်ကျေးရွာ မူကြိုကျောင်းဆောင် သစ်လှူဒါန်းခြင်း
  • ကျိုက်ထိုမြို့နယ်အတွင်းရှိ သဝေါသော(ရွာသစ်)ကျေးရွာ၊
  • ကော်ကပ် ကျေးရွာ၊ ခမောက်ခွေကျေးရွာ၊

ဧရာဝတီတိုင်း

  • ကညင်သုံးဆင့်ကျေးရွာ၊
  • နတ်ပေးရှမ်းစုကျေးရွာ၊
  • ဇရပ် ဆိပ်ကျေးရွာ၊

မကွေးတိုင်း

  • ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ညောင်ပင်သာကျေးရွာ၊
  • ကြေးခိုင်မကျေးရွာ၊

တနင်္သာရီတိုင်း

  • ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများ၊

ကယားပြည်နယ်

 

 

  • ရှားတောမြို့နယ်

 

စသည်တို့အား ထောက်ပံ့ကူညီခဲ့ပါသည်။

ပညာရေး