Month: စက်တင်ဘာ 2015

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့်ချင်းပြည်နယ် ဖလမ်းခရိုင်ကျေးရွာကယ်ဆယ်ရေးစခန်းတွင် အလှူပစ္စည်းများပေးအပ်လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့်ချင်းပြည်နယ် ဖလမ်းခရိုင်ကျေးရွာကယ်ဆယ်ရေးစခန်းတွင် အလှူပစ္စည်းများပေးအပ်လှူဒါန်းခြင်း

    မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း MWCDF မှဒုဥက္ကဌ ဒေါ်သူဇာဝေ ဦးဆောင်သောအဖွဲ့ဝင် (၅)ဦးသည် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့်ချင်းပြည်နယ် ဖလမ်းခရိုင် တွမ်းဇံမြို့နယ်များသို့ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူများအား စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးမှု (Psycho Social Care and Support) နှင့် နှစ်သိမ့်ဆွေးနွေးခြင်း (Social Conuselling ) ပြုလုပ်ရန် ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ခဲ့ပါသည်။ ရှေးဦးစွာ MWCDF အသင်းဒုဥက္ကဌနှင့်အဖွဲ့ဝင်များသည် (၂.၉.၂၀၁၅)ရက်နေ့တွင် ကလေး