စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့်ချင်းပြည်နယ် ဖလမ်းခရိုင်ကျေးရွာကယ်ဆယ်ရေးစခန်းတွင် အလှူပစ္စည်းများပေးအပ်လှူဒါန်းခြင်း

 

image011
ချင်းပြည်နယ် တွန်းဇံမြို့နယ်ဟားခါးလေးကျေးရွာကယ်ဆယ်ရေးစခန်းတွင် အလှူပစ္စည်းများပေးအပ်လှူဒါန်းခြင်း

 

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း MWCDF မှဒုဥက္ကဌ ဒေါ်သူဇာဝေ ဦးဆောင်သောအဖွဲ့ဝင် (၅)ဦးသည် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့်ချင်းပြည်နယ် ဖလမ်းခရိုင် တွမ်းဇံမြို့နယ်များသို့ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူများအား စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးမှု (Psycho Social Care and Support) နှင့် နှစ်သိမ့်ဆွေးနွေးခြင်း (Social Conuselling ) ပြုလုပ်ရန် ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ခဲ့ပါသည်။
ရှေးဦးစွာ MWCDF အသင်းဒုဥက္ကဌနှင့်အဖွဲ့ဝင်များသည် (၂.၉.၂၀၁၅)ရက်နေ့တွင် ကလေး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကာ ကလေးမြို့နယ် အတွင်းရှိ ရေလည်ဦးကျေးရွာ ပေါက်ခုံကျေးရွာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒေါ်သူဇာအောင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ(၂)ဦး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်(၂)ဦး MWCDF အသင်းမှ ဒုတိယ ဥက္ကဌ ဦးဆောင်သော အဖွဲ့ဝင်(၁၁)ဦးတို့သည် ကျေးရွာသူ/သားများအား စိတ်ဓါတ်မြှင့်တင်ပေးခြင်း၊ နှစ်သိမ့်အားပေးခြင်း၊ အားပေးစကား ပြောကြားခြင်း၊ (Social Counselling) ပြုလုပ်ခြင်း၊ ကျောင်းသုံး ဗလာစာအုပ်နှင့် အစားအသောက်များ အဝတ်အထည်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။
(၃.၉.၂၀၁၅)နေ့တွင်လည်း ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟားခါးလေးကျေးရွာ တွီခိန်ဇန် ကျေးရွာများသို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ပြည်သူများအား အဝတ်အထည် အသုံးအဆောင်နှင့် လူ(၁၀၀)ဦးစာအာဟာရမှုန့် (၇၅)ထုပ်၊နို့မှုန့်(၂၄)ဘူး၊ ကုလားပဲ (၃)အိတ်၊ ရေသန့်ဆေးမှုန့်(၅၀)ထုတ် ရွှေတောင်ကြီးရေသန့်ဆေး(၅)ဖာ ၊တိုင်းရင်းဆေးမျိုးစုံ၊ သွားတိုက်ဆေး၊ သွားတိုက်တံ(၁၈၀၀)၊သင်္ဃန်း(၂၈)စုံနှင့် ထီး ဖိနပ်များ ဗုဒ္ဓသိမ်ဆောက်ရန် အလှူငွေ (၁၇)သိန်းနှင့် နဝကမ္မ အလှူငွေ(၃)သိန်း ပေးအပ်လှူဒါန်းကာ ကျေးရွာသူ/သားများအား နှစ်သိမ့် ဆွေးနွေးခြင်း စိတ်လှုမှုရေးဆိုင်ရာပံ့ပိုးမှုများ ပြုလုပ်ခဲ့ပြီး ဖလမ်းခရိုင် ရေဘေးကယ်ဆယ်ရေးစခန်း အတွက် အာဟာရမှုန့်(၇၀)ရေသန့်ဆေးမှုန့်(၅၀)၊ ရွှေတောင်ကြီးရေသန့်ဆေး (၅)ဖါနှင့် အနွေးထည် အဝတ်အစားမျိုးစုံအား လှူဒါန်းပေးအပ်ခဲ့ပါသည်။
(၄.၉.၂၀၁၅)နေ့တွင်စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်အနီးရှိ ခိုင်ကမ်းကျေးရွာသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၁၂)စုအား ဆန်၊ ဆီ၊ ငါးသေတ္တာ၊ကုလားပဲ၊ ဆပ်ပြာမှုန့်၊ အဝတ်အထည်နှင့် အလှူငွေအား ပေးအပ်လှူဒါန်းခဲဲ့ပါသည်။
လှူဒါန်းခဲ့သော တန်ဘိုးစုစုပေါင်းမှာ အလှူငွေ(၂၀)သိန်း ပစ္စည်းအလှူငွေ (၅၉၇၃၃၀၀ိ/)၊ လှူဒါန်း ခဲ့ပါသည်။

image004

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့်ချင်းပြည်နယ် ဖလမ်းခရိုင်ကျေးရွာကယ်ဆယ်ရေးစခန်းတွင် အလှူပစ္စည်းများပေးအပ်လှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: