Month: မေ 2016

တိုင်းရင်းသားပေါင်းစုံမိဘမဲ့ကျောင်းသူ ကလေးများအိပ်ဆောင်အဆောက်အဦးများအားလှူဒါန်းခြင်း

တိုင်းရင်းသားပေါင်းစုံမိဘမဲ့ကျောင်းသူ ကလေးများအိပ်ဆောင်အဆောက်အဦးများအားလှူဒါန်းခြင်း

  မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များသည် ၂၀၁၅ခုနှစ်၊ မေလ(၆)ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် အေးမေတ္တာစံ(ဘ.က)ကျောင်းသို့ရောက်ရှိပြီး ကျောင်းဝင်း အတွင်းရှိ မိဘမဲ့ကျောင်းသား၊ ကျောင်းသူကလေးများနေထိုင်သည့်အိပ်ဆောင်၊ စာသင်ခန်းများအား ကြည့်ရှုစစ်ဆေး ၍ လိုအပ်သောအကူအညီများပေးရန် မေးမြန်း၍ ဝတ္ထုငွေ(၅၀၀၀၀ိ/-)နှင့်လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါ သည်။ ၂၀၁၅ခုနှစ်၊ မေလ၊ (၁၅)ရက်နေ့တွင် အသင်းမှCECများနှင့်ရုံးအဖွဲ့တို့သည် ကျောင်းသူကလေးများအိပ်ဆောင် ဆောက်လုပ်လှူဒါန်းမည့်ကိစ္စအား အေးမေတ္တာစံ(ဘ.က)ကျောင်းသို့သွားရောက်၍ အိပ်ဆောင်ဆောက်လုပ်မည့် မြေနေရာအားအသေးစိတ်ကြည့်ရှုခဲ့ပါသည်။ ၂၀၁၅ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့တွင် အသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် အေးမေတ္တာစံ(ဘ.က)ကျောင်း တွင် မိဘမဲ့ကျောင်းသူကလေးများနေထိုင်နေသည့် အဆောက်အဦးသည် လူဦးရေများပြား၍

ဒုတိယအကြိမ််မြောက် နွေရာသီ English Language Proficiency Course ( Pre-Intermediate Level) သင်တန်းဆင်းပွဲ

ဒုတိယအကြိမ််မြောက် နွေရာသီ  English Language Proficiency Course ( Pre-Intermediate Level) သင်တန်းဆင်းပွဲ

နွေရာသီအားလပ်ရက်တွင် ကလေးသူငယ်များ အင်္ဂလိပ်စာတိုးတက်စေရန်အတွက် ရည်မှန်း၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ််မြောက် နွေရာသီ  English Language Proficiency Course ( Pre-Intermediate Level) သင်တန်းဆင်းပွဲအား (၂၆.၅.၂၀၁၆)နေ့တွင် MWCDFရုံးချုပ်၊ နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုအလုပ် အမှုဆောင်များ၊ သင်တန်းသား/သူများ တက်ရောက်၍ သင်တန်းဆင်းပွဲအားပြုလုပ်ခဲ့ပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့သည်။