Month: ဒီဇင်ဘာ 2016

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)ဥက္ကဌမှ နှစ်သစ်မင်္ဂလာဆုမွန်ပြောကြားခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)ဥက္ကဌမှ နှစ်သစ်မင်္ဂလာဆုမွန်ပြောကြားခြင်း

၂၇.၁၂.၂၀၁၆ မြဝတီရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့မှ နှစ်သစ်ဆုမွန်ကောင်းအစီအစဉ် ထုတ်လွှင့်ရန်ရည်ရွယ်၍ ရိုက်ကူးရေးအစီအစဉ်ပြုလုပ်လိုပါသဖြင့် MWCDF အသင်းသို့ လာရောက်တွေ့ဆုံခဲ့ပါသည်။ MWCDF အသင်းဥက္ကဋ္ဌမှအသင်း၏ကိုယ်စား ၂၀၁၇ခုနှစ်၊ နှစ်သစ်မင်္ဂလာဆုမွန်စကားပြောကြားပေးခဲ့ပါသည်။ ဥက္ကဌ၏ နှစ်သစ်မင်္ဂလာဆုမွန်လွှာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ “လုံခြုံလှပဘဝများအမျိုးသမီးနှင့်ကလေးတိုင်းရစေသား” ဆောင်ပုဒ်နှင့်အညီအမျိုးသမီးများနှင့်ကလေးသူငယ်များအပြင် ပြည်သူလူထုတစ်ရပ်လုံးလုံခြုံစိတ်ချဘဝများမှာ အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ကြဖို့အတွက် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ လာမယ့်နှစ်သစ်မှာလည်း ယခုနှစ်တွေထက်ပိုပြီးအကောင်းဆုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားပါမယ်။ ၂၀၁၇ခုနှစ် နှစ်သစ်မှာ မြန်မာနိုင်ငံသူ/သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ၊ ငြိမ်းချမ်းရေးလည်းအမြန်ရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အမျိုးသမီးများနှင့်ကလေးသူငယ်များအတွက် ပါဝင်လှုပ်ရှားဆောင်ရွက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အမျိုးသမီးများနှင့်ကလေးသူငယ်များအတွက် ပါဝင်လှုပ်ရှားဆောင်ရွက်ခြင်း

(၂၇.၁၂.၂၀၁၆) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ(၁/၂၀၁၆)နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၁၆)အစည်းအဝေးသို့ MWCDFအသင်းမှ ဥက္ကဌဒေါက်တာဒေါ်ဝေဝေသာ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အာဟာရတိုက်ကျွေးခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အာဟာရတိုက်ကျွေးခြင်း

13.12.2016 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ MWCDF အဖွဲ့ဝင် လူငယ်များမှ ခမောက်ခွေကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများအား အာဟာရတိုက်ကျွေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းခြင်း

14.12.2016 လားရှိုးမြို့(ရှမ်းပြည်နယ် မြောက်ပိုင်း)ရှိ MWCDFအဖွဲ့ဝင် လူငယ်များမှ “ ချစ်ခြင်းမေတ္တာဂေဟာ” သို့သွားရောက်၍ ကလေးငယ်များအား အာဟာရကျွေးမွေးခြင်းနှင့် လိုအပ်သည်များ ကူညီလှူဒါန်းပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ အရေးပေါ်အခြေအနေများတွင် အမျိုးသမီးများ၏လိုအပ်ချက်များအား ဆန်းစစ်ခြင်း လေ့လာမှုစာတမ်း” မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

၁၃.၁၂.၂၀၁၆နေ့တွင် Horizon Hotel, Nay Pyi Taw၌ ကျင်းပပြုလုပ်သော “ အရေးပေါ်အခြေအနေများတွင် အမျိုးသမီးများ၏လိုအပ်ချက်များအား ဆန်းစစ်ခြင်း လေ့လာမှုစာတမ်း” မိတ်ဆက်ပွဲအခမ်းအနားသို့ MWCDFအသင်းမှ CECများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ၂၀၁၅ခုနှစ်အတွင်းမြန်မာနိုင်ငံတွင်ကျရောက်ခဲ့သည့် ရေဘေးအန္တရာယ်ကြုံတွေ့ရသောအခြေအနေတွင် ကျား/မရေးရာလိုအပ်ချက်များအား လေ့လာသုံးသပ်ချက်အရ အမျိုးသမီးများသည်ဝင်ငွေရှာဖွေရာ၌ အမျိုး သားများနှင့်ဒိုးတူဘောင်ဘက်ရှာဖွေကြရသော်လည်း အိမ်ထောင့်တာဝန်နှင့်အိမ်မှု့ကိစ္စများတွင်မူ အမျိုးသားတို့၏ပါဝင်ကူညီမှုမှာ ၁၀%ခန့်သာရှိသည်ဟု ဖော်ပြထားပါ သည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အာဟာရတိုက်ကျွေးခြင်းနှင့် ဆံပင်ညှပ်ခြင်းလုပ်ဆောင်မှုမှတ်တမ်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အာဟာရတိုက်ကျွေးခြင်းနှင့် ဆံပင်ညှပ်ခြင်းလုပ်ဆောင်မှုမှတ်တမ်း

ကယားပြည်နယ် MWCDF အသင်းအဖွဲ့မှ မောင်ဝင်းမြတ်ထူး(YLPD Batch-4)အဖွဲ့သည် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာအုပ်စု၊ ဝမ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူ(၈၀)ဦးအား အာဟာရတိုက်ကျွေးခြင်းနှင့် ဆံပင်ညှပ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။