မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)ဥက္ကဌမှ နှစ်သစ်မင်္ဂလာဆုမွန်ပြောကြားခြင်း

၂၇.၁၂.၂၀၁၆

မြဝတီရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့မှ နှစ်သစ်ဆုမွန်ကောင်းအစီအစဉ် ထုတ်လွှင့်ရန်ရည်ရွယ်၍ ရိုက်ကူးရေးအစီအစဉ်ပြုလုပ်လိုပါသဖြင့် MWCDF အသင်းသို့ လာရောက်တွေ့ဆုံခဲ့ပါသည်။ MWCDF အသင်းဥက္ကဋ္ဌမှအသင်း၏ကိုယ်စား ၂၀၁၇ခုနှစ်၊ နှစ်သစ်မင်္ဂလာဆုမွန်စကားပြောကြားပေးခဲ့ပါသည်။

<-> ဥက္ကဌ၏ နှစ်သစ်မင်္ဂလာဆုမွန်လွှာ <->

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ “လုံခြုံလှပဘဝများအမျိုးသမီးနှင့်ကလေးတိုင်းရစေသား” ဆောင်ပုဒ်နှင့်အညီအမျိုးသမီးများနှင့်ကလေးသူငယ်များအပြင် ပြည်သူလူထုတစ်ရပ်လုံးလုံခြုံစိတ်ချဘဝများမှာ အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ကြဖို့အတွက် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ လာမယ့်နှစ်သစ်မှာလည်း ယခုနှစ်တွေထက်ပိုပြီးအကောင်းဆုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားပါမယ်။ ၂၀၁၇ခုနှစ် နှစ်သစ်မှာ မြန်မာနိုင်ငံသူ/သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ၊ ငြိမ်းချမ်းရေးလည်းအမြန်ရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

MWCDFအသင်း ဥက္ကဌမှ ၂၀၁၇ခုနှစ်အတွက် နှစ်သစ်မင်္ဂလာဆုမွန် ပြောကြားခြင်း
MWCDFအသင်း ဥက္ကဌမှ ၂၀၁၇ခုနှစ်အတွက် နှစ်သစ်မင်္ဂလာဆုမွန် ပြောကြားခြင်း
မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)ဥက္ကဌမှ နှစ်သစ်မင်္ဂလာဆုမွန်ပြောကြားခြင်း
Tagged on:     

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: