Author: mwcdf

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၆.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဌ ဒေါ်စုညွန့်ဦး မိသားစုမှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ  နေရပ်စွန့်ခွါကျောင်းသား/သူများအတွက် ကျောင်းစိမ်းလုံချည်၊ ထီး၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို ကျောင်းအုပ်ကြီးကိုယ်စား ဆရာ/ဆရာမ (၃)ဦးထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၆.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဌ ဒေါ်စုညွန့်ဦး မိသားစုမှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.မ.က (၃)ချင်းရွာကျောင်းရှိ ဆရာ/ဆရာမများအတွက် ကျောင်းစိမ်းလုံချည်များ၊ ဆန် (၃)ပြည်ဝင်အိတ်များ၊ မြေပဲဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကျောင်းသား/သူ (၂၀၄)ဦးအတွက် ဗလာစာအုပ်၊ စာရေးကိရိယာများ၊ ဘီစကစ်မုန့်အိတ်ကြီးများ၊ KG ကျောင်းသား/သူ (၄၂)ဦးအတွက် အရုပ်စုံ (၄၂) ရုပ်အား မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယ ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များက တာဝန်ခံ ကျောင်းအုပ်ကြီး ဦးဇော်လင်းမိုးနှင့် ဆရာ/ဆရာမ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၈.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၃)ဦး သည် မကွေးတိုင်းအစိုးရအဖွဲ့က မကွေးမြို့စုပေါင်းရုံးတွင် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

၃.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသင်း၏ (၁၂)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးကောက်နှုတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခြင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၃.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၃)ဦးသည် လားရှိုးမြို့ ၊ မိုးကုတ်ရိပ်သာတရားစခန်းတွင် ဝါတွင်း ၃ လ ဥပုတ်သီလဆောက်တည်နေသော သက်ကြီးယောဂီများနှင့် ဥပုတ်သည်များအား အသင်းအမှုဆောင်များက ဆန်၊ ဆီ၊ မုန့်၊ ဌက်ပျောသီးများနှင့် အလှူငွေ (၆၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁၅၀,၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၃.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၃)ဦးသည် လားရှိုးမြို့ရှိ အသက် ၈၃ နှစ်ရှိ သက်ကြီး အသင်းအမှုဆောင် ဒေါ်ယဉ်ကြည် အား အသင်းမှ ကူညီထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။