အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းကြီး၏ (၁၂) နှစ်ပြည့် အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀.၀၅.၂၀၂၅နေ့ နံနက် ၁၀:၀၀ အချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၁၂ ဦးတို့သည် ခိုင်မေတ္တာအကူသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများကို အသင်းကြီး၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ပရဟိတလုပ်ငန်းများအား စိတ်ပါဝင်စားကြ၍ အသင်းသို့ဝင်ရောက်လာသည့် အသင်းဝင်သစ်များ၏ လျှောက်လွှာများအားလက်ခံကာ နွေးထွေးစွာကြိုဆိုခဲ့ကြပါသည်။