Author: mwcdf

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားအား မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တ‌လေးတိုင်း‌ အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးအေးသင်း၊ အတွင်းရေးမှုး ဒေါ်ချယ်ရီစိုးသိန်းနှင့် အသင်းဝင်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ် ၂၃၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာနှင့် ဒုဥက္ကဋ္ဌ ဒေါ်သူဇာဝေ တို့တက်ရောက်ခဲ့ပါသည်။ အထိမ်းအမှတ်ပြခန်းတွင် အသင်း၏ ဝါးလက်မှုထုတ်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ကုန်များ ခင်းကျင်းပြသခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်​နေ့တွင် ပုသိမ်မြို့ဧရာ​ရွှေဝါခမ်းမ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ​နေ့အခမ်းအနားသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဆွေဆွေတင့်နှင့်  အသင်းဝင် ၉ ဦးတက်​ရောက်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတကာခေါင်းဆောင်မှုတက္ကသိုလ်ကြီးမှ ကြီးမှူး၍ Accelerate Her Future: Women Leadership & Entrepreneurship (International Women’s Day Workshop 2025) ခေါင်းစဉ်ဖြင့် Jasmine Palace Hotel တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) မှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့ သီရိဟံသာခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို  ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ စည်းရုံးရေးမှူး ဒေါ်သိမ့်သိမ့်ဟန်နှင့် အဖွဲ့ဝင် ဒေါ်မာမာအေးတို့သည် ထားဝယ်မြို့၌ ကျင်းပပြုလုပ်သော  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။