Author: mwcdf

အစည်းအဝေးဆောင်ရွက်ခြင်း

အစည်းအဝေးဆောင်ရွက်ခြင်း

၇.၃.၂၀၂၅ ရက်နေ့ ၁၀၀၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ (၅၇)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို အသင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အသင်းဥက္ကဋ္ဌ ဒေါက်တာဝေဝေသာ က အမှာစကားပြောကြားပြီး ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ဆောင်ခဲ့သည်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်း‌စဉ်များကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၇.၃.၂၅ ရက်နေ့တွင် MCC ခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် Miss ပြိုင်ပွဲအခမ်အနားသို့ ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်မော်မော်ရှိန်နှင့် အဖွဲ့ဝင် ၃ ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၆.၃.၂၅  ရက်​နေ့​တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု့သက်​မွေး​လုပ်ငန်းပညာသင်​ကျောင်း၊ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်သည့် ဝါးလက်မှု့ပစ္စည်းများပြုလုပ်နည်းသင်တန်းဆင်းပွဲသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဆွေဆွေတင့်နှင့် အတွင်း​ရေးမှူး ဒေါ်ရီရီတင် တို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၅.၃.၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၃ ဦးတို့သည် ရှမ်းရိုးမ ဘိုးဘွားရိပ်သာရှိ အဘိုး ၇ ဦး အဘွား ၁၅ ဦး၊ ဝန်ထမ်း ၇ ဦးတို့အား နေ့လည်စာ ခေါက်ဆွဲကြော်နှင့် ငွေပဒေသာပင်ကျပ် ၁ သိန်းလှူဒါန်းခဲ့ပါသည်။

သင်တန်းပို့ချခြင်း

သင်တန်းပို့ချခြင်း

၄.၃.၂၅ ရက်နေ့တွင် ထားဝယ်မြို့ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်စမ်းရည်သည် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၌ ကျင်းပပြုလုပ်သော ဗုဒ္ဓယဉ်ကျေးမှု အခြေပြုနွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းတွင် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပြိုင်ပွဲဝင်မည့် ကျောင်းသား/သူများအား  သင်ကြားပို့ချခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၃.၃.၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၈ ဦးတို့သည် လွယ်ကောင်အစိုးရမူကြိုကျောင်းသို့သွားရောက်ကာ မိန်းကလေး ၁၂ ဦး၊ ယောင်္ကျားလေး ၂၂ ဦး စုစုပေါင်း ၃၄ ဦးတို့အား ကစားစရာများ၊ စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ပါသည်။