Author: mwcdf

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၄.၂.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် “ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အထိမ်းအမှတ် Miss ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်မော်မော်ရှိန် တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၁.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင် များသည် ဇေယျာသီရိမြို့နယ်၊ ရွှေကြာပျိုးခင်း အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်းရှိ သံဃာတော်များ၊ ရှင်သာမဏေများနှင့် ကျောင်းသား/သူများအတွက် လက်ထောက်ဆရာတော်ထံ နဝကမ္မဝတ္ထူငွေ-(၃၀၀,၀၀၀)ကျပ်နှင့် သင်္ကန်းခြင်း၊ သမ္ဗာဓမုတ္တဂုဏ်တော်ဝန္ဒနာ ဘုရားစာအုပ်များ၊ ရှူလိမ်းဆေးများ၊ သွားတိုက်ဆေးများ၊ ဆန်၊ ဆီ အစရှိသည့် စားသောက်ကုန်များ၊ အသင်းဗလာစာအုပ်၊ ခဲတံများနှင့် အသင်းပြက္ခဒိန်များ လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းမှုပစ္စည်းတန်ဖိုးငွေ(၉၃၀,၀၀၀) ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၁.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင် များသည် ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များအတွက် ကျောင်းထိုင်ဆရာတော်ထံ နဝကမ္မဝတ္ထူငွေ(၂၀၀,၀၀၀)ကျပ်နှင့် သင်္ကန်းခြင်း၊ သမ္ဗာဓမုတ္တဂုဏ်တော်ဝန္ဒနာ ဘုရားစာအုပ်များ၊ ရှူလိမ်းဆေးများ၊ သွားတိုက်ဆေးများ၊ ဆန်၊ ဆီ အစရှိသည့် စားသောက်ကုန်များ၊ အသင်းဗလာစာအုပ်နှင့် အသင်းပြက္ခဒိန်များ လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းမှုပစ္စည်းတန်ဖိုးငွေ(၇၇၀,၀၀၀)ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၅.၂.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်တို့သည် ဒဂုံမြို့သစ်မြောက်ပိုင်း မစိုးရိမ်စာသင်တိုက်ရှိ ရှင်သာမဏေ (၅၀)ပါးအား နဝကမ္မဝတ္ထုငွေအပါအဝင်၊ သင်္ကန်း၊ လွယ်အိတ်၊ စာအုပ်၊ ဘောပင်၊ ခဲတံ၊ အချိုရည်နှင့် မုန့်မျိုးစုံ၊ ခေါင်းရိတ်ဓားနှင့် ဆပ်ပြာခဲ၊ ဓာတ်မီးများလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းတန်ဖိုးငွေ (၁,၂၇၀,၀၀၀)ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၄.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ကျုံးထောင့်ဝိပဿနာသီလရှင်စာသင်တိုက်တွင် တစ်လလျှင်နှစ်ကြိမ်မြောက် ဆွမ်းကပ်ခြင်း၊ ဆီ၊ ဆန်၊ ဆား၊ ဆေး လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ (၁၅၀,၀၀၀)ကျပ်ဖြစ် ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားသို့ ပဲခူးတိုင်းအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။