Author: mwcdf

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

၁.၈.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ဗလမင်းထင်ကျောင်းတိုက်တွင် ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျင်းပသော တစ်ကိုယ်ရေသုံး ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ အဝတ်လျှော်မွှေးရည်အစုံရှိ အမျိုးရေပေါင်း (၁၃)မျိုး သင်တန်းဆင်းပွဲကျင်းပရာ ကချင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် အသင်းမှ ဒံပေါက်ထမင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် ကျောင်းရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ကုန်ကျငွေ-(၉၅၀၀၀၀)ကျပ် ဖြစ်ပါသည်။

ဟောပြောပွဲတက်ရောက်ခြင်း

ဟောပြောပွဲတက်ရောက်ခြင်း

၂၉.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ဗဟို)မှ တွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ဇမ္ဗူသီရိမြို့နယ်၊ Mandalay Paradise တော်ဝင်ခန်းမတွင် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကျင်းပပြုလုပ်သော “ Psycho-Social Support ” စိတ်လူမှုဆက်ဆံ ရေးဆိုင်ရာ အထောက်အပံ့ပေးခြင်းခေါင်းစဉ်ဖြင့် ဆရာကြီး ဒေါက်တာ ဇော်စိန်လွင် (ကထိက/ စိတ်ရောဂါအထူးကု ဆရာဝန်ကြီး) ဟောပြောပွဲသို့  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နေပြည်တော် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဝင်များ နှင့် မိခင်ကလေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၂၉.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် မော်လမြိုင်မြို့ ၊ လူမှုဝန်ထမ်းဦးစီးဌာန၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်ခြင်း

နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၈.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းရုံးချုပ်၌ အသင်း၏ (၁၂) နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားအား online zoom meeting ဖြင့် ကျင်းပပြုလုပ်ရာ အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဥက္ကဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၇.၇.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ အသင်းသူများစုပေါင်း၍ ဆားတိုင်ကန်ကျေးရွာ ရေတွင်းဘုန်းတော်ကြီးပညာသင်ကျောင်းတွင်ဖွင့်လှစ်ထားသော ကျောင်းပြင်ပမူလတန်းပညာရေးစခန်း (NFPE)တွင်တက်ရောက်နေကြသော စလင်း၊ ဆော၊ မင်းတုန်း၊ ဆိပ်ဖြူမြို့များမှ နေရပ်စွန့်ခွါ ကျောင်းသား/သူ ၂၂ ဦးနှင့် ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် G-1 မှ G-8 အထိ တက်ရောက်ပညာသင်ကြားနေသော ကျောင်းအိပ်/ကျောင်းစား နေရပ်စွန့်ခွါကျောင်းသားကလေးများအတွက် ဆန်၊ ဆီ၊ စာရေးကိရိယာနှင့် ဝတ္ထုငွေ(၁၀၀၀၀၀/-)ကျပ် စုစုပေါင်းလှူဒါန်းငွေ (၆၈၅,၀၀၀/-)ကျပ်ကို ကျောင်းထိုင်ဆရာတော်ထံ သွားရောက်လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

အလှူငွေပေးအပ်လှူဒါန်းခြင်း

အလှူငွေပေးအပ်လှူဒါန်းခြင်း

၂၇.၇.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးတိုင်း ဂီတအစည်းအရုံး ဆိုင်ဘုတ်တင်ပွဲအခမ်းအနားသို့ တက်ရောက်၍ အလှူငွေ ပေးအပ်လှူဒါန်းခဲ့ပါသည်။