Author: mwcdf

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၂ ဦးတို့သည် ၁၀.၁.၂၀၂၆ ရက်နေ့တွင် ပဲခူးမြို့၊ ရွှေသာလျောင်း သုဝဏ္ဏရွှေဘုံခန်းမတွင် ကျင်းပပြုလုပ်သော MMH ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်ပညာရေးဆုပေးပွဲ အခမ်းအနားသို့တက်ရောက်ပြီး ဆုများချီးမြှင့်ခဲ့ပါသည်။

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (၆၀)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်ညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ၉.၁.၂၀၂၆ ရက်နေ့တွင် ရုံးချုပ်တွင်ကျင်းပပြုလုပ်ရာ အသင်း ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် ၅ ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အသင်း ဥက္ကဌ ဒေါက်တာ နန္ဒာမွှန်းမှ အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသူများမှ အသင်း၏ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရေးအတွက် အသီးသီးဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၃ ဦးတို့သည် ၈.၁.၂၀၂၆ ရက်နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြင်ကြီးသီလရှင်စာသင်တိုက်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပင့်သီလရှင် ၃ ပါးအတွက် အလှူငွေ ၁၅၀,၀၀၀ ကျပ်ကို လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၃ ဦးတို့သည် ၇.၁.၂၀၂၆ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့တက်ရောက်ပြီး သင်ထောက်ကူပစ္စည်းများဆောင်ရွက်ထားမှုများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဘဏ္ဍာရေးမှူး နှင့် အဖွဲ့ဝင် ၄ ဦးတို့သည် ၅.၁.၂၀၂၆ ရက်နေ့တွင် မန္တလေးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်းရှိ အမျိုးသမီး ၁၀၈ ဦးအတွက် ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ ခေါက်ဆွဲခြောက်များနှင့် ကော်ဖီမစ်တို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၃၅၀,၀၀၀ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် ၅.၁.၂၀၂၆ ရက်နေ့တွင် ပဲခူးမြို့၊ ကိုယ်ပိုင်အလယ်တန်းကျောင်း(BBS)၊ ဥဿမြို့သစ် (၁) လခွဲကျောင်း၊ အမှတ်(၁၀) အခြေခံပညာအထက်တန်း နှင့် ဗဟိုမူလွန်ကျောင်းများတို့တွင် သွားရောက်၍ ပညာရည်ချွန်ထူး ချွန်ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး BBS ကိုယ်ပိုင်အထက်တန်းကျောင်းအားကစားပြိုင်ပွဲမှ ဆုရရှိသူ ကျောင်းသား/သူများကိုလည်း ဆုချီးမြှင့်ခဲ့ပါသည်။