Author: mwcdf

နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်ခြင်း

နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၈.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းရုံးချုပ်၌ အသင်း၏ (၁၂) နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားအား online zoom meeting ဖြင့် ကျင်းပပြုလုပ်ရာ အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဥက္ကဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၇.၇.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ အသင်းသူများစုပေါင်း၍ ဆားတိုင်ကန်ကျေးရွာ ရေတွင်းဘုန်းတော်ကြီးပညာသင်ကျောင်းတွင်ဖွင့်လှစ်ထားသော ကျောင်းပြင်ပမူလတန်းပညာရေးစခန်း (NFPE)တွင်တက်ရောက်နေကြသော စလင်း၊ ဆော၊ မင်းတုန်း၊ ဆိပ်ဖြူမြို့များမှ နေရပ်စွန့်ခွါ ကျောင်းသား/သူ ၂၂ ဦးနှင့် ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် G-1 မှ G-8 အထိ တက်ရောက်ပညာသင်ကြားနေသော ကျောင်းအိပ်/ကျောင်းစား နေရပ်စွန့်ခွါကျောင်းသားကလေးများအတွက် ဆန်၊ ဆီ၊ စာရေးကိရိယာနှင့် ဝတ္ထုငွေ(၁၀၀၀၀၀/-)ကျပ် စုစုပေါင်းလှူဒါန်းငွေ (၆၈၅,၀၀၀/-)ကျပ်ကို ကျောင်းထိုင်ဆရာတော်ထံ သွားရောက်လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

အလှူငွေပေးအပ်လှူဒါန်းခြင်း

အလှူငွေပေးအပ်လှူဒါန်းခြင်း

၂၇.၇.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးတိုင်း ဂီတအစည်းအရုံး ဆိုင်ဘုတ်တင်ပွဲအခမ်းအနားသို့ တက်ရောက်၍ အလှူငွေ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ပါဝင်ကူညီဆောင်ရွက်ခြင်း

ပါဝင်ကူညီဆောင်ရွက်ခြင်း

၂၆.၇.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အသင်းဝင်များသည် Junction City တွင် ပြုလုပ်သော မိုးရာသီစျေးပွဲတော် MSME ထုတ်ကုန်များရောင်းချရာသို့သွားရောက်ပြီး အသင်းအမှုဆောင်များနှင့် အသင်းဝင်များ၏ ထုတ်ကုန်ရောင်းချနေမှုအား ပါဝင်အားဖြည့်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်(၂)ဦးသည် ၂၅.၇.၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့မှ စီးပွါးရေးပညာရှင် ဒေါက်တာအောင်ပွားက တနင်္သာရီတိုင်း တိုင်းရင်းသားလုပ်ငန်းရှင်များအား ဟောပြော‌ပေးသည့်သင်တန်းသို့ တက်ရောက့်ခဲပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၄.၇.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာ တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ပြီး စုပေါင်း၍ အလှူငွေ (၁၄) သိန်းကျပ် လှူဒါန်းခဲ့ကြပါသည်။