Author: mwcdf

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၈.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အလှူရှင်များစုပေါင်း၍ ငလျင်ဒဏ်ကြောင့် ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ပြကွင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားသော သားဖွားမီးယပ်အထူးကု‌ဆေးရုံကြီးယာယီဆေးရုံတွင် ဆေးဝါးကုသနေသော အမျိုးသမီးလူနာများ၊ မီးဖွားမိခင်နှင့်ကလေးတို့အား ထောက်ပံ့ငွေနှင့် အာဟာရဖြည့်အစားအစာများ၊ အဝတ်အထည်များလက်ရောက်ပေးဝေလှူဒါန်း‌ပြီး‌နောက် ဆေးရုံတွင် လက်တလောလိုအပ်လျက်ရှိသော အထောက်အကူပြုပစ္စည်းများကို တာဝန်ရှိသူများထံ လက်ရောက်ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၈.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အလှူရှင်များစုပေါင်း၍ ငလျင်ဒဏ်ကြောင့် ဒက္ခိဏသီရိမြို့နယ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ထားသော ကလေးအထူးကု‌ဆေးရုံကြီးယာယီဆေးရုံသို့သွားရောက်၍ ဆေးရုံအုပ်ကြီးထံ အလှူငွေနှင့် စားသောက်ကုန်များလှူဒါန်းပြီးနောက် ဆေးရုံတွင် ဆေးဝါးကုသခံယူနေသော လူနာများအားထောက်ပံ့ငွေများအား လက်ရောက်ပေးဝေလှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၆.၅.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

ဂါရဝပြုတွေ့ဆုံခြင်း

ဂါရဝပြုတွေ့ဆုံခြင်း

၂၉.၄.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်း (MWCDF) မှ ဥက္ကဋ္ဌနှင့် အမှုဆောင်များသည် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်းမှ အစ်မကြီးများ၊ နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်းမှ ညီမငယ်များနှင့် လာရောက်တွေ့ဆုံပြီး ဂါရဝပြုလက်ဆောင်များပေးအပ်ခဲ့ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၂၉.၄.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အမှုဆောင်များသည် ပျဉ်းမနားမြို့၊ သန္တာရာမသီလရှင်ကျောင်းတိုက်များသို့ သွားရောက်၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းငွေ ၅၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၂၈.၄.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အမှု‌ဆောင်များသည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော တော်ဝင်ရတနာ မူလတန်းကြိုကျောင်း ယာယီကယ်ဆယ်ရေးစခန်းရှိ ဝန်ထမ်းမိသားစုများ(ကျား) ၅၀ ဦး၊ (မ) ၄၂ ဦးအား  အစားအစာများ၊ အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၄၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။