Author: mwcdf

အသိပညာပေးဟောပြောခြင်း

အသိပညာပေးဟောပြောခြင်း

နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှကြီးမှူး၍ ၁၀.၁၂.၂၀၂၅ ရက်နေ့တွင် အထက (၁၈) ဒက္ခိဏသီရိကျောင်းမှာ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူ ငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်မော်မော်ထွန်း မှ ကျောင်းသား/သူများကို အသိပညာပေးဟောပြောခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းသား (၁၂၀)ဦး၊ ကျောင်းသူ (၁၃၀)ဦးနှင့် ဆရာမ (၈)ဦးတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေး သည် ၁၀.၁၂.၂၀၂၅ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁)ခန်းမ၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် ၉.၁၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၉.၁၂.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများနှင့်ပူးပေါင်းပြီး အောင်ဇေရန်အောင် ဘိုးဘွားရိပ်သာသို့သွားရောက်၍ အဖိုး ၁၂ ဦးနှင့် အဖွား ၂၄ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များစုပေါင်း၍ ၈.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီး၏ ၃၉ ကြိမ်မြောက် သာသနာလက်ာရအကျော်စာမေးပွဲအောင်ဘွဲ့ လက်မှတ်ဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးနှင့် ပြည်ပနိုင်ငံတို့မှ ရဟန်းသာမဏေသီလရှင် ၂၈၅၇ ပါး ကြွရောက်ဖြေဆိုကြရာ စာဖြေရက်များတွင် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲများ၊ အအေးများနှင့် ဝတ္ထုငွေ ၂၀၀,၀၀၀ ကျပ် ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၈ ဦးသည် ၈.၁၂.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အားကာခန်းမတွင်ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။