Author: mwcdf

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ အသင်းဝင်များသည် ငလျင်ဒဏ်ကြောင့် အ.ထ.က( ၇ ) ယာယီကယ်ဆယ်ရေးစခန်းရှိ (ကျား) ၃၆ ဦး၊ (မ) ၄၈ ဦးထံသို့ ငါးနီတူကြော်၊ ချဉ်ပေါင်ကြော်၊ ကြက်ဥပြုတ်များ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ အသင်းဝင်များသည် ငလျင်ဒဏ်ကြောင့် တော်ဝင်ရတနာမူကြိုကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေကြသော လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းမိသားစုများ(ကျား) ၅၀ ဦး၊ (မ) ၄၂ ဦးအား  ငါးနီတူကြော်၊ ချဉ်ပေါင်ကြော်၊ ကြက်ဥပြုတ်၊ ပေါင်မုန်၊ အချိုရည် များသွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ငလျင်ဒဏ်ကြောင့်ဘေးလွတ်ရာသို့ ပြောင်းရွေ့လာကြသော ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူကုဆေးရုံကြီးယာယီဆေးရုံတွင် ဆေးဝါးကုသနေသော အမျိုးသမီးလူနာများ၊ မီးဖွား မိခင်နှင့်ကလေးများ စုစုပေါင်းလူနာ ၇၂ ဦးတို့ထံသို့ စုပေါင်း၍ အာဟာရဖြည့်အစားအစာများ သွားရောက် ကုသိုလ်ပြုလှူဒါန်းကြပါသည်။ လှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်‌နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ပျဉ်းမနားမြို့၊ ဇေယျာရာမ ပရိယတ္တိသီလရှင် စာသင်တိုက်သို့သွားရောက်ကာ ကျောင်းထိုင်ဆရာကြီးအားဖူးမျှော်၍ ငလျင်ဒဏ်‌ကြောင့်ပျက်စီးခဲ့သည့် မုခ်ဦးနှင့် အုတ်တံတိုင်းများ ပြန်လည်ပြုပြင်ဆောက်လုပ်ရန်အတွက်အလှူငွေ ၁၂ သိန်းကျပ်နှင့် ဆီ ၁၁ ပိဿာ လှူဒါန်းပြီးနောက် အသင်းဗဟိုအလုပ်အမှုဆောင် မိသားစုက ကျောင်းရှိသီလရှင်ဆရာလေး ၇၀ ပါးအတွက် ရေခဲထုပ်များကုသိုလ်ပြု လှူဒါန်းခဲ့ကြပါသည်။ လတ်တလောကျောင်းတွင် သုံးရေအတွက် အခက်အခဲဖြစ်နေ ကြောင်းသိရှိရ၍ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်တို့မှ ဂါလံ ၂၀၀၀ ဆံ့ ရေကား ၂

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်‌နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ သဲကျွန်းကျေးရွာ ရတနာစံပြ(ဘ.က)ကျောင်းသို့သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အားဖူးမျှော်၍ ငလျင်ဒဏ်‌ကြောင့်ပျက်စီးခဲ့သည့် ဆရာတော်ကြီးနှင့်သံဃာတော်များ သီတင်းသုံးသည့်ကျောင်းဆောင် (၁)ဆောင်ပြန်လည်ပြုပြင်ဆောက်လုပ်ရန်အတွက် နဝကမ္မအလှူငွေ ၁၀ သိန်းကျပ်နှင့် ဆီ ၁၀ ပိဿာ၊ ငှက်သိုက်ဗူး၊ ကြက်ပေါင်းဗူး၊ ဆေးဝါးများ လှူဒါန်းပြီးနောက်အသင်း ဗဟိုအလုပ်အမှုဆောင် မိသားစုက သံဃာတော်များနှင့်အလုပ်သမားအဖွဲ့အား ရေခဲထုပ်များ ကုသိုလ်ပြုခဲ့ကြပါသည်။

ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း

ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း

၉.၄.၂၅ ရက်နေ့တွင် ရတနာ့သုတ်တော်ရွတ်ဖတ်ပူဇော်ခြင်းကုသိုလ်ကို ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများ နှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမိသားစုဝင်များက စုပေါင်း၍ဆောင်ရွက်ခဲ့ကြပါသည်။ ၉.၄.၂၅ ရက်နေ့မှစ၍ (၉)ရက်တိုင်ပူ‌ဇော်ခြင်း ကုသိုလ်ပြုကြပါသည်။