Photo

အ.လ.က အောင်စေတနာကျောင်း၏ ပညာရေးစုံညီပွဲတော် တက်ရောက်ခြင်း

အ.လ.က အောင်စေတနာကျောင်း၏ ပညာရေးစုံညီပွဲတော် တက်ရောက်ခြင်း

(၂၃.၁.၂၀၂၃)နေ့တွင် မကွေးတိုင်း၊ မကွေးမြို့၊ အ.လ.က အောင်စေတနာကျောင်း၏ ၂၀၂၂-၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ မကွေးတိုင်း MWCDF အသင်း ဥက္ကဌတက်ရောက်၍ အသိပညာပေးစကားပြောကြားပြီး ထူးချွန်ဆရာမတစ်ဦးအား ဆုချီးမြှင့်ပေးခဲ့ပါသည်။

ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေး အစည်းအဝေးတက်ရောက်ခြင်း

ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေး အစည်းအဝေးတက်ရောက်ခြင်း

(၂၀.၁.၂၀၂၃)နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ် သော ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌ တက်ရောက်ခဲ့ပါသည်။

ရတနာစံပြ(ဘ.က)ကျောင်းသို့ သွးရောက်လှူဒါန်းခြင်း

ရတနာစံပြ(ဘ.က)ကျောင်းသို့ သွးရောက်လှူဒါန်းခြင်း

(၁၉.၁.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဝတ္ထုငွေ၊ သင်္ကန်း၊ တရားစာအုပ်၊ ဆေးဝါး၊ စာရေးကိရိယာနှင့် လူသုံးကုန်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

(၁၈.၁.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ အနောက်ရပ် အခြေခံပညာမူလတန်ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား ဗလာစာအုပ်၊ ခဲတံ၊ နို့ဘူးနှင့်ကိတ်မု့န်များ၊ ဆရာမများအား ဘောပင်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

MWAF အသင်း၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အခမ်းအနားတက်ရောက်ခြင်း

MWAF အသင်း၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အခမ်းအနားတက်ရောက်ခြင်း

(၁၆.၁.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်(MWAF)၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးအခမ်းအနားသို့ MWCDF အသင်းမှ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC တို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

(၁၂.၁.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့်အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ ပါသည်။