Photo

နိုင်ငံတစ်ဝှမ်းလုံးရှိ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု အစည်းအဝေးတက်ရောက်ခြင်း

နိုင်ငံတစ်ဝှမ်းလုံးရှိ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု အစည်းအဝေးတက်ရောက်ခြင်း

(၆.၁.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော နိုင်ငံ တစ်ဝှမ်းလုံးရှိ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ (Nationwide Case Management Supervision Unit – NCMSU Working Group ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့်အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ ပါသည်။

ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၇.၁.၂၀၂၃)နေ့တွင် MWCDF အသင်းမှ တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်က (၃.၁.၂၀၂၃ မှ ၈.၁.၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သော (ဒဿမ)အကြိမ်မြောက် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့ အလှူငွေ၊ ပြက္ခဒိန်နှင့် ဆပ်ပြာဆီဘူးများ သွားရောက်လှူဒါန်းခဲ့ပါသည်။

MMCWA အသင်း၏ သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း

MMCWA အသင်း၏ သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း

(၃.၁.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA)မှ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ MWCDF အသင်းမှ ခေတ္တဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

ရတနာ့မဉ္ဇူ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာ့မဉ္ဇူ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁.၁.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ရတနာ့မဉ္ဇူသီလရှင် စာသင်တိုက်သို့ နှစ်သစ်ဦးဆန်နှင့် နှစ်သစ်ဦးဆွမ်း သွားရောက်လှူဒါန်းခဲ့ပါသည်။

အသိပညာပေးစာအုပ်၊ ဂျာနယ်များ သွားရောက်လှူဒါန်းခြင်း

အသိပညာပေးစာအုပ်၊ ဂျာနယ်များ သွားရောက်လှူဒါန်းခြင်း

(၃၀.၁၂.၂၀၂၂)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့၊ အ.ထ.က(၁) ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ဆုံပြီး လူကုန်ကူးမှု ၊ မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိန်းနှင့်သက်ဆိုင်သော အသိပညာပေးစာအုပ်၊ ဂျာနယ်များ လှူဒါန်းခဲ့ပါသည်။

အားစကားပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း

အားစကားပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း

(၂၉.၁၂.၂၀၂၂)နေ့တွင် BBS Internataional Pre-School နှင့် ပဲခူးတိုင်း MWCDF အသင်းတို့ ပူးပေါင်း၍ ပဲခူးမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ အားကစားအမျိုး(၂၀)ပါဝင်သော အားကစားပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။