Photo

၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် ကျောင်းဖွင့်ပွဲအခမ်းအနားတွင် လှူဒါန်းခြင်း

၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် ကျောင်းဖွင့်ပွဲအခမ်းအနားတွင် လှူဒါန်းခြင်း

(၂၄.၁၂.၂၀၂၂)နေ့တွင် တနင်္သာရီတို်ငး၊ လောင်းလုံမြို့နယ်၊ မြို့ဟောင်းအနောက်တိုက်ကျောင်း၊ ထားဝယ်ဗုဒ္ဓကောလိပ်ဌာနခွဲ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် ကျောင်းဖွင့်ပွဲအခမ်း အနားတွင် တနင်္သာရီတိုင်း MWCDF အသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ အလှူငွေ၊ ဗလာစာအုပ် နှင့် ပြက္ခဒိန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

စက်ကိရိယာနှင့်အာဟာရဖွံ့ဖြိုးရေးအတွက် လှူဒါန်းပေးအပ်ပွဲ တက်ရောက်ခြင်း

စက်ကိရိယာနှင့်အာဟာရဖွံ့ဖြိုးရေးအတွက် လှူဒါန်းပေးအပ်ပွဲ တက်ရောက်ခြင်း

(၂၄.၁၂.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၃)၌ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် အတွင်းရေးမှူးမှ စက်ကိရိယာနှင့် အာဟာရဖွံ့ဖြိုးရေးအတွက် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းဥက္ကဌ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၁၆.၁၂.၂၀၂၂)နေ့တွင် ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေးဆွေးနွေးပွဲသို့ ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

(၄၇)ကြိမ်မြောက် CEC အစည်းအဝေး

(၄၇)ကြိမ်မြောက် CEC အစည်းအဝေး

(၁၆.၁၂.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF(ရုံးချုပ်)၌ အသင်း၏(၄၇)ကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆေးကုသမှုခံယူနေသော သက်ကြီးအသင်းဝင်အား ထောက်ပံ့ငွေ လှူဒါန်းခြင်း

ဆေးကုသမှုခံယူနေသော သက်ကြီးအသင်းဝင်အား ထောက်ပံ့ငွေ လှူဒါန်းခြင်း

(၁၄.၁၂.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ‘အောင်’ အထူးကုဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော ရှမ်းပြည်နယ်(မြောက်ပိုင်း) သက်ကြီးအသင်းဝင် တစ်ဦးအား ရှမ်းမြောက် MWCDF ဥက္ကဌနှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၂.၂၀၂၂)နေ့တွင် MWCDF အသင်းမှ  တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ကန်စွန်းရွက်ချည်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။