Photo

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၁.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ MWCDF အသင်းမှ ခေတ္တဥက္ကဌ တက်ရောက်ခဲ့ပါသည်။

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁၉.၁၁.၂၀၂၂)နေ့၊ ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ မြစ်ကြီးနားမြို့၊ အ.ထ.က(၁)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သော (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်၍ ကလေးများအား မုန့်နှင့်ပဲနို့ရေဘူးများ ပေးဝေခဲ့ပါသည်။

Gender Based Violence အသိပညာပေးသင်တန်း တက်ရောက်ခြင်း

Gender Based Violence အသိပညာပေးသင်တန်း တက်ရောက်ခြင်း

(၁၆.၁၁.၂၀၂၂ မှ ၁၇.၁၁.၂၀၂၂)ရက်နေ့အထိ မကွေးတိုင်း၊ မကွေးမြို့၊ တို်ငးလူမှုဝန်ထမ်းရုံး၌ ကျင်းပ ပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာအကြို လှုပ်ရှားမှု အထိမ်းအမှတ် Gender Based Violence (GBV) (၂)ရက်တာ အသိပညာပေးသင်တန်းသို့ မကွေးတိုင်း MWCDF အသင်းမှ အဖွဲ့ဝင်(၂)ဦး တက်ရောက်ခဲ့ပါသည်။

သက်ကြီးဘိုးဘွားတွေ့ဆုံကန်တော့ပွဲတွင် ပါဝင်လှူဒါန်းမှု

သက်ကြီးဘိုးဘွားတွေ့ဆုံကန်တော့ပွဲတွင် ပါဝင်လှူဒါန်းမှု

(၁၂.၁၁.၂၀၂၂)နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်၊ ဗလမင်းထင်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် သက်ကြီးဘိုးဘွားများ တွေ့ဆုံကန်တော့ပွဲသို့ ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များတက်ရောက်၍ ကျောင်းထိုင်ဆရာတော်အား နေ့ဆွမ်းဆက်ကပ်ခြင်း၊ အဘိုးအဘွား(၂၆)ဦးအား အလှူငွေနှင့် နေ့လည်စာအာဟာရများ လှူဒါန်းခဲ့ပါသည်။

ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး တက်ရောက်ခြင်း

ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး တက်ရောက်ခြင်း

(၁၁.၁၁.၂၀၂၂)နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူမှုဝန်ထမ်းဦးစီးရုံးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ကထိန်အလှူတော်မင်္ဂလာအတွက် လှူဒါန်းခြင်း

ကထိန်အလှူတော်မင်္ဂလာအတွက် လှူဒါန်းခြင်း

(၇.၁၁.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ရန်ကုန်တိုင်း၊ ပုလဲမြို့သစ်၊ ဆရာတော် အရှင်ဇယန္တဂရုဏာ ပရဟိတမဟာစည်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သော စုပေါင်းမဟာဘုံကထိန်ပွဲ တွင် ကထိန်သင်္ကန်း၊ ဆွမ်းနှင့် ပဒေသာပင် ပါဝင်လှူဒါန်းခဲ့ပါသည်။